နွေဦး‌လေပြေ🤍(အပိုင်း_၁၄)

Начните с самого начала
                                    

အဲ့နေ့ကမိမိသူငယ်ချင်းတွေရှေ့မှာ
"မင်းfirst yearကကောင်လေးကိုကြိုက်နေတာမလား။သီချင်းတွေတောင်ဆိုပြသေးတယ်ဆို"ဆိုပြီး အစခံရတာတကယ်ပင်ရှက်ပါသည်။အတန်းဖော်သူငယ်ချင်းတွေရှေ့မှာမို့ပိုလို့ပင်ရှက်ရသည်။

ခန့်ထည်လိုအစစအရာရာပြည့်စုံသည့်အမျိုးသားဟာ သူနှင့်မျိုးတူနောက်ထပ်အမျိုးသားတစ်ယောက်ကိုကြိုက်နေပါသည်ဆိုတဲ့သတင်းမျိုးထွက်တာ ခန့်ထည်ဂုဏ်သိက္ခာအတွက်အများကြီးထိခိုက်ရသည်။ သူဟာအမြဲကျောင်းရဲ့စံပြအနေနဲ့ရှိနေခဲ့သူမလား။

သူတကယ်မိုးသားကို ညီလေးတစ်ယောက်လိုပင်ချစ်ခဲ့တာဖြစ်သည်။ သူ့ကိုတွယ်တာပုံရသည့်ကလေးက သူ့ကိုမြင်တာနှင့်နှစ်နှစ်ကာကာပြုံးပြလေ့ရှိသည်။

မိုးသားကချောတဲ့ထဲမပါပေမယ့် ချစ်ဖို့ကောင်းသည့်ကလေးဖြစ်သည်။

မိုးသားရောင်လို့ပြောလိုက်သည်နှင့် ဖြူဖြူစင်စင်နဲ့အမြဲပြုံးနေတတ်သည့်ကောင်လေးကိုတွဲမြင်မိကြမှာပင်ဖြစ်သည်။

ဒီရက်ပိုင်းကိုယ်တိုင်ကလည်းစိတ်ရှုပ်နေသည်မို့ ထိုကောင်လေးမျက်နှာမကောင်းတာသိရက်နဲ့စကားမပြောဖြစ်။

တော်ကြာ သူတို့နှစ်ယောက်စကားပြောတာတွေ့ပြီး ကောလဟာလပိုပြန့်သွားရင်လည်း ဘယ်သူ့အတွက်မှအကျိုးမရှိချေ။
ခန့်ထည်သက်ပြင်းအသာချ၍ ဖုန်းကိုကောက်ကိုင်လိုက်သည်။
ကောလဟာလထက် ဒီကောင်လေးစိတ်ပျော်ဖို့ကအရေးကြီးတယ်မလား။

________________💚________________

"ရော့ အဲ့မှာငြိမ်ငြိမ်လေးထိုင်စား"

ထမင်းပန်ကန်ကိုမိုးသားရှေ့ချပေး၍ဆိုလာသော အကို့စကားကြောင့်မိုးသားနှာခေါင်းတချက်ရှုံ့မိသည်။

"ထမင်းစားခန်းထဲလာခဲ့"ဆိုတဲ့စကားပြောပြီး ဖုန်းချသွားတဲ့အကို့ကြောင့် အပျော်လွန်ပြီးအောက်ပြေးဆင်းခဲ့ပေမယ့် အကို့ရှေ့ကျတော့တတ်နိုင်သမျှနှုတ်ခမ်းကို‌‌စူထား၍ ခပ်တည်တည်သာနေမိသည်။

ဟုတ်တယ်လေ ဒီရက်ပိုင်းအတွင်းမိမိကိုအကြာကြီးပစ်ထားတဲ့ဒင်းကြောင့် ဘယ်လောက်ဝမ်းနည်းခဲ့ရလဲ ကိုယ်တိုင်သာသိသည်။

နွေဦးလေပြေ🤍Место, где живут истории. Откройте их для себя