Arc 1.11 အန်းရီချန်း

Start from the beginning
                                    

မကြာခင်မှာ ဇာတ်လိုက်မတို့အုပ်စုဟာကန်တင်းထဲသို့ဝင်လာခဲ့သည်။ ဝင်လာသည်နှင့် သူမရဲ့ကောင်ငယ်လေးကို အနိုင်ကျင့်ဖို့ ဇာတ်လိုက်မရဲ့ သူငယ်ချင်းနှစ်ယောက်ဟာ ကန်တင်းသို့ဝေ့ဝဲကြည့်လိုက်တယ်။ ထို့နောက်ချောင်မှာထိုင်နေတဲ့ကောင်ငယ်လေးကို တွေ့သွားသည်နှင့် တစ်ဉီးနှင့်တစ်ဉီး မျက်စပစ်တာ အချက်ပေးလိုက်ပြီးနောက် ကျန်းချီဟာ ကျောင်းကန်တင်း စားဖိုဆောင်သို့ ဝင်သွားပြီးနောက် ညစ်ပတ်သောရေများပြည့်နေသည့် ဇလုံကြီးကြီးတစ်လုံးကို သယ်၍ ကန်တင်းထဲသို့ ပြန်ထွက်လာခဲ့သည်။ လူတိုင်းဟာ သူမဝင်သွားသည်ကို သတိမထားမိပေမယ့် ရေဇလုံနှင့်သူမပြန်ထွက်လာသည်ကိုသတိထားမိသည်။ လူတိုင်းရဲ့အာရုံဟာ သူမအပေါ်သို့ကျရောက်သွားပြီးနောက် သူမရဲ့ လှုပ်ရှားမှုတွေကို စိုက်ကြည့်နေသည်။ သူမဟာ ယုတ်မာသည့်အပြုံးတွေကို ဆင်မြန်းထားပြီး ချောင်နားကပ်ထိုင်နေသည့် ကောင်ငယ်လေးကထံသို့ ဖြေးညင်းစွာသွားလိုက်သည်။

ရွှဲ့လျန်းသွဲ့ဟာလဲ ဒုတိယဇာတ်လိုက်ရဲ့ မနီးမဝေးထိုင်ခုံတွင် မျက်နှာချင်းဆိုင် ထိုင်ပြီး မြင်ကွင်းကောင်းကောင်းကို မျှော်လင့်စောင့်ကြည့်နေသည်။ သို့နှင့် ရှီအာဟာ သူမရဲ့ဆွဲဆောင်မှုရှိသည့် နှုတ်ခမ်းဖူးဖူးလေးဟာ ကွေးတက်သွားပြီးနောက် သူမရဲ့ နေ့လည်စာ ပန်းကန်ကို ကိုင်ကာ စားလို့ပြီးသည့်ပုံစံနှင့် ထသွားခဲ့သည်။
ထို့နောက် သူမနှင့် မျက်နှာချင်းဆိုင်တွင် ရေဇလုံနှင့် လာနေသည့်ကျန်းချီအား ခြေထိုးခံလိုက်လေတယ်။ သို့နှင့် ရုတ်တရက်ပြုမူခဲ့သည့် သူမရဲ့လုပ်ရပ်ကို ဘယ်သူကမှ သတိမထားမိခဲ့ပေ။ ခြေထိုးခံရသည့်ကျန်းချီဟာ မှောက်လျက်လဲကျသွားသည်။ ဒါ့အပြင် သူမရဲ့ ညစ်ပတ်နေသည့်ရေများ အပြည့်ပါသည့် ရေဇလုံဟာ ဇာတ်လိုက်မခေါင်းပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ ရုတ်တရက်ဖြစ်ပျက်သွားတဲ့ အရာတွေကြောင့် လူတိုင်းဟာ ကြောင်အသွားခဲ့သည်။ တစ်ချို့ကျောင်းသားများဟာ ဝိုင်းဟားကြတယ်။ တစ်ချို့ကျောင်းသားများဟာတော့ သူမတို့ရဲ့ ပစ်မှတ်လွဲသွားသည်မို့ အားရဝမ်းသာဖြစ်ကြသည်။

ဒုတိယဇာတ်လိုက် အတွက် ရွှေပေါင်လုံးကြီးဖြစ်ပေးမယ်-(arc1) The Resurrection MissionWhere stories live. Discover now