Arc 1.4 အန်းရီချန်း

1.7K 209 4
                                    

Unicode

ဘယ်ဘယ်လမ်းသွယ်လေးထဲသို့ သူမဝင်ရောက်သွားချိန် အခြားကျောင်းက ကျောင်းဝတ်စုံနဲ့ ၅ယောက်လောက်ရှိတဲ့ ကျောင်းသားတစ်စုဟာ ကောင်ငယ်လေးတစ်ယောက်ကို ချောင်ပိတ်ကာ အနိုင်ကျင့်လို့နေတယ်။ ထိုကောင်ငယ်လေးက ခေါင်းငုံ့လို့ခံနေရင်း တစ်ချက်တစ်လေတောင်
ပြန်လည် တိုက်ခိုက်ခြင်းမရှိပေ။

အန်အန်-:'host အန်းရီချန်းကို ကယ်တင်ပါ'
System အန်အန်ရဲ့ ပြောကြားချက်ကြောင့် ထိုခေါင်းငုံခံနေရတဲ့ ကောင်ငယ်လေးဟာ အန်းရီချန်းမှန်း သူမသိလိုက်ရတယ်။ ထိုကောင်လေးက ခေါင်းငုံ့နေတုန်းမို့ မျက်နှာကို မမြင်ရတဲ့အပြင် အနိုင်ကျင့်နေတဲ့ ကျောင်းသားတွေရဲ့ ဝိုင်းရံမှုကြောင့်လဲ ကောင်ငယ်လေးကို ကွယ်နေ၍ မမြင်ရပေ။

ဟွင်း! ငါလေးရဲ့ လက်စွမ်းတော့ ပြရတော့မှာလား?

'System ငါလေးသာ မချတတ်ရင် နင်ငါ့ကို ဒီလိုပဲ ကယ်တင်ခိုင်းမှာလား' သူမဟာ အရင်ဘဝက တိုက်ကွန်ဒို (Taekwondo) နှင် ဂျူဒို (judo) ကို ကောင်းမွန်စွာ သင်ယူထားခဲ့သည်။ သူမရဲ့ Taekwondo Belts အဆင့်ဟာ Black W/2 Gold  STRIPES  2nd  DAN ဖြစ်ပြီး သူမရဲ့ judo Belts အဆင့်ဟာ Red/White  6th-8th ရှိတယ်။ သူမဆက်သင်ချင်သေးပေမယ့် ထိုလူသားနောက် တစ်ကောက်ကောက်နေရသည်မို့ သင်ဖို့ အချိန်မရခဲ့တော့ပေ။ Taekwondo ကလပ်ကို သူမဝင်ခဲ့သည်မှာလဲ ထိုလူသားကြီးကြောင့်ပင်။ ထိုလူသားကြီးရဲ့ ကျေးဇူးတော်ကြောင့် သူမတိုက်ခိုက်တတ်သည်လို့ပြောရမလား။ ဒါပေမယ့် သူမက ထိုတကောင့်သားကို ကျေးဇူးတင်မှာ မဟုတ်ပါဘူး။ သူမရဲ့ အမုန်းတွေဟာ ယခုချိန်မှာ ကြီးထွားလို့နေပြီ။ အချစ်ဆိုသည် မြူမှုန်တစ်စလောက်တောင် ရှိတော့မည် မဟုတ်။

အန်အန်-:'ဟုတ်ကဲ့ အထက်က အမိန့်မို့ hostကို ဒီလိုပဲ လုပ်ခိုင်းမှာပါ' system အန်အန်ရဲ့ ပြောကြားချက်ဟာ သူမကို သွေးအန်ချင်လောက်အောင် ဖြစ်သွားစေတယ်။ ဒါကြီးက ညှာတာမှု မရှိတာပဲ။

သူမသာ မချတတ်ရင် ဒီကောင်လေးကို ကယ်ဖို့သူမ ဘာလုပ်ရမလဲ?
ရဲခေါ်ရမလား? သူမရဲ့မိသားစု အရှိန်အဝါကို သုံးရမလား?
System ကို အကူအညီတောင်းရမှာလား?

ဒုတိယဇာတ်လိုက် အတွက် ရွှေပေါင်လုံးကြီးဖြစ်ပေးမယ်-(arc1) The Resurrection MissionWhere stories live. Discover now