"လော်သခင်လေးရေ.."

ရှောင်ခယ် က လော်ဆန်းရဲ့ကားဆီကို လမ်းလျှောက်သွားပြီး ကားစက်ဖုံးကို လက်နဲ့ပုတ်လိုက်တယ်။

"မင်းရဲ့ကားအသစ်က မိုက်သားပဲ၊ငါလိုချင်တယ်"

"ကံကောင်းပြီးတစ်ခါလောက်နိုင်သွားရုံနဲ့ အရင်တုန်းကရှုံးထားတာတွေကိုမေ့ကုန်တာလား?စကားကြီးစကားကျယ်တွေစွတ်ပြောနေလို့ မင်းရဲ့လျှာအဆစ်လွဲသွားမှာမကြောက်ဘူးလား?"

လော်ဆန်း အေးစက်နေတဲ့မျက်နှာပေးနဲ့ရှောက်ခယ့်ကို ပြန်ပြောလိုက်တယ်။

ရှောင်ခယ်ကတော့ ခပ်ပြုံးပြုံးနဲ့ ပြန်ပြောတယ်။

"ကြီးကြီးကျယ်ကျယ်တွေပြောတော့ရောဘာဖြစ်လဲ။ကားတွေက်ိုလောင်းကြေးထပ်နေရတာ ပျင်းစရာကောင်းလာပြီကွ၊ ငါတို့ တခြားဟာနဲ့လောင်းကြေးထပ်ကြမလား?"

"မင်းဘာနဲ့ လောင်းကြေးထပ်ချင်လို့လဲ?"

လော်ဆန်း ရှောင်ခယ့်ကိုကြည့်ပြီးမေးလိုက်တယ်။

"ဘယ်သူပဲရှုံးရှုံး ဒီမှာရှိတဲ့ လူတိုင်းကို သောက်ဖို့  ဒကာခံရမယ်။အကယ်၍ငါရှုံးခဲ့ရင် အားလုံးရဲ့အရှေ့မှာ မင်းနဲ့ မင်းဘက်ကနေ လောင်းထားတဲ့သူတွေကို ငါဂုဏ်ပြုပေးမယ်။ပြီး​တော့ ငါ့ထက်အများကြီးသာတဲ့ မင်းကိုစိန်ခေါ်မိတဲ့အတွက်ငါမှားပါတယ်ဆိုတာကို ငါကိုယ်တိုင် ဉီးညွတ်ပြီးတောင်းပန်မယ်။ အကယ်၍ မင်းရှုံးမယ််ဆိုရင် ငါနဲ့ငါ့အဖွဲ့သားတွေအပြင် ငါ့ဘက်ကလောင်းထားတဲ့သူတွေကို ဂုဏ်ပြုပေးရမယ်။ပြီးရင် မင်းရဲ့မောက်မာမှုတွေအတွက် ဉီးညွှတ်ပြီးတောင်းပန်လိုက်"

ဘေးနားမှာရှိတဲ့ သူတွေက ရှောင်ခယ်ရဲ့စကားကို ကြားတာနဲ့ တစ်ယောက်ကိုတစ်ယောက်လှမ်းကြည့်လိုက်ကြတယ်။ရှောင်ခယ့်ရဲ့ လောင်းကြေးက နည်းနည်းတရားလွန်နေတယ်လို့ မထင်မိဘူးလား?ချမ်းသာတဲ့ ဒုတိယမျိုးဆက်သခင်လေးတွေအတွက် ပိုက်ဆံဆိုတာ နည်းနည်းလောက်တောင်အရေးမပါပေမယ့် ဂုဏ်သိက္ခာကိုတော့ တန်ဖိုးထားကြတယ်။အနည်းဆုံးဒီမှာရှိတဲ့ လူတစ်ဝက်လောက်ရှေ့မှာသာ ဉီးညွှတ်ရမယ်ဆိုလို့က​တော့ လော်ဆန်းမျက်နှာ ဘယ်နေရာသွားထားရမလဲ?

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now