တိမ်ယံဆင့်က အမေဖြစ်သူဆီ သွားလည်ရင်း ထွန်းတောက်နေတဲ့နေရောင်အောက်တွင် ဦးနှောက်တစ်ခုလုံး အပိုင်စားယူထားသည့် ပြဒါးရံ၏ပုံရိပ်များ‌ အောက်သာကျရှုံးလျက်ရှိသည်။ ထိုကဲ့သို့ဖြစ်တည်နေသော မိမိကိုယ်ကိုလည်း နားမလည်နိုင်ပါချေ။ တစ်ခါတစ်ရံ တည်ကြည်ခန့်ညားနေတတ်သော ပြဒါးရံ၊ ရံဖန်ရံခါ သူနှင့်ရန်ဖြစ်တတ်သော ပြဒါးရံ ၊အချို့အချိန်တွင် အသေးအဖွဲကအစ ဂရုစိုက်ကာ ကာကွယ်တတ်ပြီး အချို့ချိန်တွင် သည်းမခံနိုင်အောင် စနောက်တတ်သည်။ ဘယ်အရာက ပြဒါးရံ၏ ပုံစံအစစ်မှန်းမသိနိုင်သော်လည်း ဆက်စဉ်းစားရမည်မှာ ခေါင်းရှုတ်လာသည့်အတွက် ဆင့်ကခေါင်းကိုညင်သာစွာ ခါထုတ်လိုက်ပြီး အတွေးတို့ကိုလွင့်ပြယ်သွားစေသည်။ ဒီနေ့တစ်ရက်လုံး အမေဖြစ်သူနှင့်အချိန်ကုန်ရန် စီစဉ်ထားသဖြင့် ချွဲနွဲ့တတ်သော သားလိမ္မာလေးအသွင် ကူပြောင်းကာ ဒေါ်သက်ထားမေအနား ပီကေလိုကတွယ်ကပ်နေတော့သည်။

တစ်ရက်နှင့်တစ်ရက်က ကူးပြောင်းရန်လွယ်လွန်း‌လှချေသည်။အလုပ်သမားတွေအားလုံး မျှော်လင့်တကြီး စောင့်စားနေကြသော အလုပ်ပိတ်ရက်က ရောက်ရှိလာပြီဖြစ်သည်။ ကိုးလ်ကအလွန်ပင်ပန်းခဲ့သော အလုပ်တက်ရက်များအတွက် အိမ်တွင်း၌သာ စိတ်အပန်းဖြေရန်လုပ်ထားသော်လည်း လေပြေရှင်းကထိုသို့ခွင့်မပြုနိုင်ပေ။ ဖြာကျနေသော နေရောင်အောက်တွင် ရှင်းကမိုးပြာရောင် ဂျင်းဘောင်းဘီနှင့် စွတ်စွတ်ဖြူနေသော အင်္ကျီအဖြူကိုဝတ်ဆင်ထားကာ တန်ဖိုးကြီးသည့် ငွေကြေးမခန့်မှန်းနိုင်သော ကားအဖြူရောင်ကို မှီထားလျက် သေးနုတ်တဲ့ကိုးလ်အိမ်ရှေ့သို့ ရောက်ရှိလာသည်။

Alarmသံမြည်နေသော်လည်း အအိပ်မက်လှသည့်ကိုးလ်က မျက်လုံးမဖွင့်ဘဲ ဟိုစမ်းဒီစမ်းနှင့် နာရီရှိရာကို ခန့်မှန်းပြီးပိတ်လိုက်သည်။ သို့သော်ထိုအသံကမရပ်သွားခဲ့ပါချေ။ အကြောင်းမှာ ထိုအသံကတတီတီမြည်နေသော သူ့ဖုန်းမှထွက်‌လာသော အသံဖြစ်သည်။ မျက်မှန်မပါသည့် မမြင်မစမ်းမျက်လုံးတစ်စုံဖြင့် ကိုးလ်ကဖုန်းကို ကောက်ကိုင်လိုက်သည်

" Hello "

" ကိုးလ် "

သာယာသည့်အသံက စပီကာကတစ်ဆင့် နားထဲတိုးဝင်လာချိန်တွင် ကိုးလ်ကအိပ်ချင်စိတ်ပင် ပြန်ပေးဆွဲခံလိုက်ရကာ မျက်လုံးတို့ပြူးကျယ်လာရသည်။ မရေရာမှုအပေါင်းဖြင့် ဖုန်းတစ်ဖက်ကလူကို မရဲတရဲပြန်ခေါ်လိုက်သည်။

Hate Poem Written With Love࿐Donde viven las historias. Descúbrelo ahora