"ကျွန်တော် ထိကြည့်လို့ရမလား?"

မုန့်ရန် မြင်းထိန်းကိုမေးကြည့်လိုက်တယ်။

"ရပါတယ်"

မုန့်ရန် မြင်းရဲ့လည်ဆံမွှေးတွေကို ပွတ်သပ်ပေးရင်းပြုံးနေမိတယ်။

"ဒီမြင်းကို သဘောကျလား?"

လော်ရှို့ က မုန့်ရန် နားကို ကပ်လာပြီးမေးလိုက်တယ်။

"သူက အရမ်းလှတယ်"

မုန့်ရန် မြင်းတွေအကြောင်းကောင်းကောင်းမသိတာကြောင့် အပြင်ပန်းအရောင်ကိုပဲကြည့်ပြီးရွေးချယ်လိုက်တယ်။

"သခင်လေးမုန့်က တော်တော်အမြင်ရှိတာပဲ၊တစ်ကမ္ဘာလုံးမှာ Golden Snow မြင်းမျိုးစိတ်က အကောင်ရေ သိပ်မရှိတော့ဘူးဗျ၊ကျွန်တော်တို့တောင် ဒီကောင်ကြီးကို ရဖို့ နိုင်ငံခြားလေလံပွဲတစ်ခုကနေ စျေးပြိုင်ပေးပြီးလေလံဆွဲခဲ့ရတာ။Golden Snow တွေက သန္ဓေကောင်းကြတယ်၊ပြေးနေတဲ့အချိန်မှာလဲ အတော်ကျက်သရေရှိတယ်၊ပြီးတော့ သူတို့က အရမ်းဉာဏ်ကောင်းကြတာဆိုတော့ ထိန်းကျောင်းရတာလဲ လွယ်တယ်။အခုမှ စပြီး မြင်းစီးသင်မယ့် သူတွေအတွက်တော့ အသင့်တော်ဆုံးပဲဗျို့"

"ဒီလိုအရည်အသွေးမြင့်တယ်ဆိုမှတော့ စျေးလဲကြီးမှာပဲမဟုတ်လား?"

မုန့်ရန် မန်နေဂျာကိုမေးကြည့်လိုက်တယ်။

"တကယ်တော့ ဒီတစ်ကောင်က ဉက္ကဌလော်ရဲ့မြင်းထက် စျေးပိုကြီးတယ်။ရှားပါးလေ၊တန်ဖိုးမြင့်လေပဲလေ။ပြီးတော့ Golden Snow တွေက သားဖောက်ရခက်တယ်။ဒါ့ကြောင့် စျေးကြီးနေတာ"

ဒီမြင်းကို ဝယ်ရမလား၊မဝယ်ရဘူးလားဆိုတာကို မုန့်ရန်စိတ်ထဲကနေ တွက်ချက်နေတယ်။ကြည့်ကောင်းတာမှန်ပေမယ့် စျေးကလဲ မိုးထိအောင်မြင့်လောက်တယ်။သူကရော ဒီမြင်းကို ဘယ်လောက်ကြာကြာစီးနိုင်မှာမို့လို့လဲ?

"ကွင်းတစ်ပတ်လောက် စမ်းစီးကြည့်လိုက်။သဘောကျတယ်ဆိုရင် ဒီမြင်းကို ဝယ်ပြီး အိမ်ခေါ်သွားကြမယ်"

လော်ရှို့က မုန့်ရန်ကို တိုက်တွန်းလိုက်တယ်။

"ကျွန်တော်သူ့ကို အိမ်ခေါ်သွားပြီး မွေးလို့ရလား?"

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Dove le storie prendono vita. Scoprilo ora