မန်နေဂျာက မုန့်ရန်ကို ပြုံးပြီးရှင်းပြတယ်။

VIP အတွက် သတ်မှတ်ထားတဲ့နေရာကို ရောက်တဲ့အခါ မန်နေဂျာ ကိုယ်တိုင် လော်ရှို့နဲ့ မုန့်ရန်ကို ကားတံခါးဖွင့်ပေးတယ်။လော်ရှို့တို့က စမှတ်မျဉ်းနားမှာရှိတဲ့ အမိုးတစ်ခုအောက်မှာ ထိုင်လိုက်တယ်။ကြိုဆိုဧည့်ခံရေးဝန်ထမ်းတွေကအသီးအနှံနဲ့ လက်ဘက်ရည် တည်ခင်းပေးတယ်။လော်ရှို့တို့ကို အချိန်မရွေးဝန်ဆောင်မှုပေးနိူင်အောင် လော်ရှို့ရဲ့သက်တော်စောင့်တွေနဲ့အတူမတ်တပ်ရပ်ပြီး စောင့်ဆိုင်းနေကြတယ်။

သိပ်မကြာခင်မှာ မြင်းထိန်းတွေကသူတို့ထိန်းကျောင်းပေးရတဲ့ မြင်းတွေကိုစီးပြီးရောက်လာခဲ့တယ်။မြင်းတွေကို သေချာ တန်းစီခိုင်းလိုက်ပြီး မန်နေဂျာက လော်ရှို့ကိုရှင်းပြတယ်။

"ဉက္ကဌလော် ဒီမြင်းတွေအကုန်လုံးက မျိုးသန့်တဲ့အပြင် အရောင်အသွေးလဲ ကြည့်ကောင်းပါတယ်။သန္ဓေကောင်းကြတာကြောင့် အခုမှ မြင်းစီးသင်မယ့်သူတွေအတွက် ပိုအဆင်ပြေတယ်"

"သွားကြည့်လိုက်ဉီး"

လော်ရှို့က မုန့်ရန်ကို ကိုယ်တိုင်ရွေးခိုင်းလိုက်တယ်။

မုန့်ရန် ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး တန်းစီနေတဲ့ မြင်းတွေဆီကိုသွားလိုက်တယ်။

တကယ်တော့ မုန့်ရန် မြင်းအကြောင်းနဲ့ပတ်သတ်ရင် ဘာမှနားမလည်ဘူး။လော်ရှို့ ကို လာပြတဲ့ မြင်းတွေဆိုမှတော့ သေချာပေါက် တန်ဖိုးကြီးပြီး မျိုးသန့်တဲ့မြင်းတွေဖြစ်မယ်ဆိုတာတော့ မုန့်ရန်သိတယ်။မြင်းအကြောင်း ဘာမှ မသိပေမယ့် ဒီမြင်းတွေအကုန် လှတယ်ဆိုတာတော့ သူသိပါသေးတယ်။

အတိတ်ဘဝမှာတုန်းက မုန့်ရန် ငယ်ငယ်ကတည်းက တိုက်ခိုက်ရေးပညာရပ်တွေကို သင်ယူခဲ့တယ်။ဒီဘဝမှာတော့ အရင်ဘဝမှာ မသင်ဖူးတဲ့ အရာတွေကိုပဲ သင်ယူဖို့ စဉ်းစားထားတယ်။အတိတ်ဘဝတုန်းက အသုံးမဝင်ဘူးဆိုပြီး မသင်ဖြစ်ခဲ့တဲ့ မြင်းစီးတာကို အခုဘဝမှာ သင်ယူဖို့ ဆုံးဖြတ်ခဲ့တယ်။

မြင်းတွေကို သေချာကြည့်နေရင်းကနေ၊ ရွှေရောင်ဖျော့ဖျော့သန်းနေတဲ့ မြင်းကို တွေ့တဲ့အခါ မုန့်ရန် ကျေနပ်သွားတဲ့ အမူအရာနဲ့ ခေါင်းညိတ်ပြလိုက်တယ်။

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now