💥Intro💥

13.9K 365 2
                                    

"သူဌေး...ကျွန်တော်တို့ဂိုဏ်းက လုပ်ရပ်တွေကို
ဒီကောင်လေးမြင်သွားပြီ...ဘယ်လိုလုပ်လိုက်ရမလဲ"

"သတ်လိုက်"
-------------

"ငါလို လူတကာကြောက်လန့်ပြီး မတွေ့ချင်မခေါ်ချင်လောက်အောင် အကုန်လုံးက ရှောင်ပြေးနေကြတဲ့လူဆိုးကို မင်းကဘာလို့ကြိုက်ရတာလဲ"

"စာသင်ဖူးတယ်မလား....ခလေးတွေလည်းပြောနေကျ...လူဆိုးကို မပေါင်းသင်းရဘူး"

"ပြီးတော့ ငါက မင်းတို့လိုဆင်းရဲသားတေွကိုအနိုင်ကျင့်တဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်နော်....အဟက်"

"ကျွန်တော်က ဒီအတိုင်း ခင်ဗျားကလူဆိုးဖြစ်နေလည်း ကြိုက်မှာဘဲ...မသိဘူး...ကြိုက်တယ်"

------------------

"မင်းလို ဖြူဖြူစင်စင်ကောင်လေးက ငါလိုဆိုးရွားသောင်းကျန်းနေတဲ့ လူဆိုးကို ချစ်တယ်တဲ့လား...ဟားဟားဟား"

"ဖြူဖြူစင်စင်ကောင်လေးလည်း ချစ်တတ်တာဘဲလေဗျာ"

"ငါ့ကိုချစ်ရတာ မပင်ပန်းဘူးလား"

"ဟင့်အင်း"

"ငါ့ရဲ့မကောင်းသတင်းတွေ ဒီလောက်ပျံ့နှံ့နေတာ...ငါ့ကို စိတ်မပျက်ဘူးလား"

"ဟင့်အင်း"

"ငါ့ကိုမနိုင်လို့ ရှုံးမဲမဲပြီး စောက်မြင်ကပ်နေတဲ့သူတွေအများကြီးရှိတယ်....သူတို့က မင်းကိုဒုက္ခပေးမှာ
မကြောက်ဘူးလား
မင်းနဲ့ငါနဲ့ကို အထင်တွေလွဲပြီး"

"ဟင့်အင်း...သူတို့က ခင်ဗျားနဲ့ကျွန်တော့်ကို ရင်းနှီးတဲ့ဆက်ဆံရေးထက် ပိုတယ်လို့ အထင်လွဲပေးတာနဲ့ တင်သူတို့ကို ကျေးဇူးတင်နေပြီ"

"မင်း....တကယ် ခေါင်းမာတယ်...ငါ့အတွက်သေရဲလို့လား"

"ခင်ဗျားကိုချစ်တဲ့ အချစ်တွေက ကျွန်တော့်ကိုခေါင်းမာအောင်လုပ်တာ....သေရဲတာပေါ့...ဘယ်ဘဝမှာမဆို"

Xiao zhan, POV:

*ငါလည်းမင်းကိုချစ်တယ်
ငါ့ကြောင့် မင်းတခုခုဖြစ်မှာ စိုးရိမ်တယ်
အရမ်းကြီး ချစ်မပြရဲဘူး
ဒါမဲ့နောက်ဆုံးတော့ ငါနားလည်လိုက်တယ်
ငါမင်းကိုချစ်မယ်....စိတ်ထဲမှာရော အပြင်မှာရောလူကွယ်ရာမှာရော လူရှေ့မှာရော...မင်းနောက်အရိပ်လိုလိုက်ပြီး ကာကွယ်မယ်...ငါကဘယ်သူ့ကို ကြောက်နေရမှာလဲ*

𝐁𝐀𝐃 𝐆𝐔𝐘Where stories live. Discover now