"ပါပါး၊ ကူးကူးအင်အင်း"
"ဟင်"
လွန်းအင်္ကျီခါးစကိုဆွဲ၍ ပြောလာသည့်သားကို ငုံ့ကြည့်တော့ ဘောင်းဘီလေးကိုချွတ်ကာ သေးခံလေးနဲ့ဖြစ်သည်။ ရှေ့ရောနောက်ရောကို သူ့လက်ဖဝါးတစ်ဖက်စီနဲ့ လှမ်းအုပ်ထားပြီး မျက်နှာဖောင်းဖောင်းက ရှုံ့မဲ့နေသည်။ နှုတ်ခမ်းပိစိက စကားတစ်လုံးထွက်ဖို့ မနည်းအားယူနေရသလို။
"အင်အင်းပါချင်တာလား၊ လာ လာ ၊ ပါပါးလိုက်ပို့မယ်"
"ဟင့်အင်း"
ဆွေ့ခနဲကောက်ချီဖို့ပြင်တော့ ခန္ဓာကိုယ်တစ်ခုလုံးကို မြွေလိမ်မြွေကောက်လို တွန့်ချိုးပစ်ရင်း
"ကူးကူးရတော့ဘူး အင့်!"
သေချာပြောမပြနိုင်သည့် သူ့ကိုယ်သူ အားမလိုအားမရနေဟန်ဖြင့် မျက်ဝန်းအိမ်ထဲမျက်ရည်တွေပြည့်လျှံတက်လာပြီး ကြမ်းပြင်ပေါ်ငုတ်တုတ်ထိုင်ချလိုက်၍ အားရပါးရငိုပါတော့သည်။ အရိပ်ပြရုံနဲ့အကောင်မမြင်သည့် လွန်းကလည်း ထိုအခါမှသဘောပေါက်သည်။
လက်ကိုအမြန်ဆေးကာ
"ကြီးနု၊ ကြီးနုအခန်း Toilet သုံးမယ်နော်"
"သြော် အေးအေး သွားသွား"
"ကူးကူး လာလာ၊ နုနုအခန်းထဲသွားမယ်"
ပုခုံးကနေတို့၍ လွန်းက မီးဖိုခန်းထဲကထွက်၍ ကြီးနုအခန်းဆီခပ်သွက်သွက်လျှောက်သွားတော့ အောင့်အီးထားရတာမို့ ငိုနေသူက အသည်းအသန်ကုန်းရုန်းထလာ၍ လိမ်ဖယ်လိမ်ဖယ်နှင့် လွန်းနောက်ကလိုက်သွားသည်။
"အယ် ပါပါးသေးခံချွတ်ပေး"
လွန်း စကားမဆုံးသေးခင်ထပ်ထွက်လာသည့် အင့်ဟူသော ရှိုက်သံလေးနဲ့အတူ ချွတ်ချလိုက်သည့် သေးခံဖြူဖြူလေးက ကြမ်းပြင်ပေါ်ပုံလျက်သား။ အရေးပေါ်အခြေအနေမှာဆိုရင် ဘယ်အရာမဆို မတုန့်ဆိုင်းဘဲလုပ်နိုင်တယ်ဆိုတဲ့ စကားက တကယ်မှန်တယ်ထင်သည်။
ဘောင်းဘီကိုပင် အချိန်တော်တော်ကြာကြာယူပြီးမှ ချွတ်တတ်သူက တင်ပါးဖောင်းဖောင်းနဲ့ အံကိုက်ကပ်ထားသည့် diaper ကို စက္ကန့်ပိုင်းလေးအတွင်းရအောင်ချွတ်သွားသည်။
Chapter 56
Zacznij od początku