အပိုင်း 3

Start from the beginning
                                    

အဲ့နေ့ညက ပီအိပ်ရာထဲမှာသူ့ကိုမကောင်းပြောခဲ့တဲ့commentတွေကိုထိုင်ကြည့်နေခဲ့တယ်
ပီcommentတွေကြားထဲက ပီရဲ့အားဆေးလေး ပီရဲ့ရောင်ခြည်လေးကိုတွေ့လိုက်တယ်
မာနန်းရဲ့commentလေး - ပီ စိတ်မပူပါနဲ့ကွာ ပီကပီပဲလေ
ပီရဲ့အားဆေးလေးကအဲ့လိုတွေချစ်ဖို့ကောင်းတာ
ပီစိတ်မကောင်းတဲ့ကြားကပြုံးမိတယ်

massage-
ဌာနအနီးကကောင်လေး - ပီ မင်းအိပ်နေပြီလား မင်းအဆင်မပြေဖူးလို့ကြားတယ်
ပီ - မင်းcommentတွေဖတ်ပြီးပြီမလား အဲ့ဒီဆက်သရားဆိုတဲ့ကောင်ကငါ့ကိုလှောင်ချင်နေတာ
ဌာနအနီးကကောင်လေး - ငါကတော့သူတမင်လုပ်တယ်လို့မထင်ဖူး
ပီ - မင်းကသူ့ဘက်ကပြောပေးနေတာလား
ဌာနအနီးကကောင်လေး - မဟုတ်ပါဖူး ငါကအမြဲတမ်းမင်းဘက်ကပါပဲ ငါအခုလိုမေးတာမင်းကိုစိတ်ပူလို့ပါ မင်းအဆင်ရောပြေရဲ့လား
ပီ - ငါမအိုကေဖူး ငါလုံးဝမအိုကေဖူးကွာ ငါ့မှာအမြဲပဲသူများလှောင်ရယ်တာခံနေရတာ မင်းတောင်မှငါ့မှာပြဿနာတွေရာကျော်လောက်ရှိတယ်ဆိုပြီးပြောတယ်လေ
ဌာနအနီးကကောင်လေး - ငါတောင်းပန်ပါတယ် ငါမင်းကိုတမင်ပြောတာမဟုတ်ပါဖူး
ပီ - ငါအခုကစပြီးလုံးဝအရှုံးမပေးတော့ဖူး

ပီကပြောပြီးတာနဲ့ဖုန်းကိုပိတ်လိုက်တယ်
ကုတင်ရဲ့အပေါ်နားမှာကပ်ထားတဲ့စာအုပ်လေးကြားထဲမာနန်းရဲ့ဓာတ်ပုံလေးကိုကြည့်ပြီးတော့ကိုယ်ကိုကိုယ်ပြောခဲ့တယ်
ငါဒီနေ့ကစပြီး မာနန်းဘေးမှာရှိနေဖို့ထိုက်တန်အောင်လုပ်မယ်..........

မီးလေးမှိန်မှိန်ဖွင့်ထားတဲ့အခန်းလေးတစ်ခု
ပြီးတော့တောင်းပန်ချင်စိတ်တွေနဲ့ပြည့်နေတဲ့ကောင်လေးတစ်ယောက်
လက်သုတ်ပဝါလေးတစ်ခုကိုကိုင်ရင်း ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကသူ့ခေါင်းထဲမှာစွဲထင်နေတယ်
အဲ့လက်သုတ်ပဝါလေးကတော့သူချစ်ရတဲ့သူကိုသုတ်ပေးဖူးတယ်လေ
အဲ့တုန်းကပီဆိုတဲ့သူချစ်ရတဲ့ကောင်လေးက သူ့ကြောင့်မှောက်သွားတဲ့ခရင်မ်မုန့်ဘူးလေးကိုရှုံ့မဲ့မဲ့နဲ့ကြည့်လို့
သူ့ရှေ့မှာမပြောဖြစ်သေးတဲ့စကားကို လက်သုတ်ပဝါလေးကိုသာပြောပြဖြစ်တယ်
ငါတောင်းပန်ပါတယ်နော်..........ပီ

Fish Upon the SkyWhere stories live. Discover now