" ဘာလို့ ဒီလိုလုပ်ရတာလဲ "

" တကယ့်ကို စိတ်ပျက်စရာပဲ "

" ဒါဆိုသူရွေးချယ်ထားတဲ့ Fashion Star ပြိုင်ပွဲရဲ့  winner companyက တရားမဝင်ဘူးပေါ့ "

ယခုအခါတွင်တော့ ခွဲမရအောင်တူပါသည်ဆိုသော Mirrorနှစ်ယောက်မှာ တစ်ယောက်က ကျေကျေနပ်နပ်ကြီးကို ပြုံးယောင်သန်းနေပြီး ကျန်တစ်ယောက်မှာတော့ အံကိုကြိတ်ကာ တုန်ရီနေသည်။ ကိုးလ်က ပြိုင်ပွဲမှရလာဒ်က တရားမဝင်ဟူသော အသံများတရစပ်ကြားရချိန်တွင် သူကြိုးစားထားသည့် အခွင့်အရေးများ ရိုက်ချိုးခံလိုက်ရသလိုဖြစ်သွားသည်။ မထင်မှတ်ထားသည့် ဖြစ်ရပ်ကရုတ်တရက်ကြီး ဖြစ်တည်လာတာကြောင့် ကိုးလ်နှင့် ပြဒါးရံက လက်ခံနိုင်ရန်ခဲယင်းလှပေသည်။ ကံကြမ္မာက ကစားနေသလို အမျိုးမျိုး ရိုက်ခတ်လွန်းလှသည်။ ကိုးလ်ကလည်း ဒီပြိုင်ပွဲနှင့် ပက်သက်ပြီး အများကြီးမျှော်လင့်ထားခဲ့သည့်အတွက် အကဲဖြတ်ပေးခဲ့သော Mirrorက အယောင်ဆောင် Mirrorမှန်းသိလိုက်ရသည့်အခါတွင် ရပ်တည်နိုင်စွမ်း ကင်းမဲ့သွားလေခဲ့သည်။

" ဘယ်လိုဖြစ်ရတာလဲ ဘာလို့ဒီလိုမျိုး ဖြစ်ရတာလဲ ဒီတိုင်းဆို ပြိုင်ပွဲရလာဒ်က အကုန်ပြောင်းလဲသွားတော့မှာလား "

ရှင်းက ကိုးလ်၏ ပြိုလဲဟန်တူနေသော အမူအယာကြောင့် ဒီတိုင်းရပ်ကြည့်မနေနိုင်တော့ပါချေ။ သူကကိုးလ်၏ ပုခုံးကိုဆုပ်ကိုင်လိုက်ပြီး လဲကျမသွားစေရန် ထိန်းပေးလိုက်ကာ အားပေးစကားဆိုလိုက်သည်။

" အရမ်းမစိုးရိမ်ပါနဲ့ ကိုယ်တို့အားလုံးရှိတယ် "

လုံခြုံရေးများက ထိုလိမ်လည်ထားသော သပ်ရပ်လှသည့် Mirror ကို ထိန်းသိမ်းထားရန်လာခေါ်ချိန်တွင် ရုတ်တရက်ခန်းမှတစ်ခုလုံး အမှောင်ဖုံးသွားလေသည်။ ကိုယ့်လက်ကို ရှေ့ထုတ်ကြည့်လျှင်မူ  မှောင်မိုက်နေမှုမှလွဲ၍ အခြားဘယ်အရာကိုမှ မြင်ရမည်မဟုတ်ပေ။ မကောင်းတဲ့ အငွေ့အသက်က လွှမ်းခြုံလာသောကြောင့် ရှင်းက ကိုးလ်ကိုကိုင်ထားရင်း ထိန်းထားသည့်လက်ကို အားပိုထည့်လိုက်ပြီး ပြဒါးရံက သူနှင့်လက်တစ်ကမ်းအကွာတွင် ရှိနေသော ဆင့်ကို အနားသို့ဆွဲယူလိုက်သည်။ မထင်မှတ်ထားသည့်အချိန်တွင် မီးကပျက်သွားတာကြောင့် အသည်းငယ်လှသည် သက်ကြားအိုများက ရုတ်ရုတ်သဲသဲအော်ဟစ်လာကြသည်။

Hate Poem Written With Love࿐Unde poveștirile trăiesc. Descoperă acum