အခန်း ( ၃ )

350 63 0
                                    

သူ ကျွန်မကို စိတ်ဝင်တစားစိုက်ကြည့်လာတော့ ကျွန်မ အတော်လေး ပျော်သွားတယ်။ ကျွန်မလည်း တကူးတကတွေးမနေဘဲဆက်တိုက်ပြောချလိုက်တယ်။

“ဒီပန်းချီကားရဲ့ပုံစံက မိုးနေးကို အတော်လေးအတုခိုးထားတယ်။ အဲ့ဒီလိုင်းရယ် အထားအသိုနဲ့ အရောင်စပ်ပုံတွေကို ကြည့်လိုက်။ ဒါပေမယ့် သူ့ကိုယ်ပိုင်လက္ခဏာတွေတော့ရှိပါသေးတယ်။ ဘာလို့ဆို သဘာဝရှုခင်းက တရုတ်ကဖြစ်နေလို့လေ ဟဟ ။”

တရုတ်ခန်းဆောင်တခုနဲ့ တူတဲ့ ပန်းချီကားထဲက ပုံကို မြင်ပြီး‌‌တော့ ကျွန်မ ရှေ့နောက်မစဥ်းစားဘဲ ပြောချလိုက်တယ်။ အဲ့အချိန်တုန်းက ကျွန်မက ကျွမ်းကျင်ပညာရှင်တယောက်နဲ့ လာဆုံလိမ့်မယ်ဆိုတာ တွေးကြည့်ဖို့တောင် မဖြစ်နိုင်ဘူး။

သူက ကျွန်မကို ခပ်ယဲ့ယဲ့ပြုံးပြရင်း ကြည့်နေတယ်။ ပြီးတော့ ကျွန်မနောက်ဘက်ကို တချက်လှမ်းကြည့်တယ်။ ခဏလောက်ကြာတော့ ဝန်ထမ်းတယောက်က ကျွန်မကို ပန်းဖလက်တစောင် ကမ်းပေးတယ်။ ပန်းဖလက်ကို ကြည့်ပြီးတော့ ကျွန်မ မျက်နှာ ချက်ချင်းပဲ ရဲတက်သွားတယ်။ ဒီပန်းချီကားက မိုးနေးရဲ့လက်ရာထဲက တခုဖြစ်တဲ့ “The Basin at Argenteuil” ဆိုတဲ့ ပန်းချီကားဖြစ်နေတာကိုး။

ရှက်စရာကောင်းလိုက်တာ။ ကျွန်မ သွားမှဖြစ်မယ်လို့ တွေးလိုက်တုန်း သူက ကျွန်မကို စာရွက်ပိုင်းလေး ကမ်းပေးလာတယ်။

“ခင်ဗျားက အမြင်ကောင်းတာပဲ။ အနည်းဆုံးတော့ မိုးနေးမှန်း ပြောနိုင်တယ်။”

ကျွန်မ တုန်ယင်နေတဲ့လက်နဲ့ စာရွက်ပိုင်းလေးကို လှမ်းယူလိုက်တယ်။ သူ့ကို ဘာမှမပြောဘဲ စိုက်ကြည့်နေမိတယ်။ ဘာလို့ သူ ကျွန်မကို မပြောဘဲ စာနဲ့ရေးပေးနေတာလဲ။ ဖြစ်နိုင်ခြေက တခုပဲရှိတယ်။ သူက စကားမပြောနိုင်တဲ့သူဖြစ်လောက်မယ်။

ရုတ်ခြည်း ကျွန်မ ကြက်သေသေသွားတယ်။ သူ့ကို ဘယ်လိုဆက်ဆံပေးရမလဲ ကျွန်မ မသိဘူး။ အဲ့အချိန်တုန်းက ကျွန်မခေါင်းထဲ ရောက်လာတဲ့ ထူးဆန်းတဲ့ ‌အတွေးတခုက  ပန်းခြံမှာ ကျွန်မ သူ့ကို စကားတွေ ပြောနေခဲ့တုန်းက သူအမှန်တကယ် တလုံးမှ မကြားလောက်ဘူးဆိုတာပဲ။ သူက လူတကာကို လျှောက်ပြောမယ့်သူမျိုးမဟုတ်တာကို‌တော့ သံသယဝင်စရာမရှိဘူး။ သူက အရမ်းစိတ်ချလို့ရတယ်။ ကျွန်မ ကိုယ့်ကိုယ်ကို ရွံလိုက်တာ။ အတွေးရေယာဥ်တန်းနေတာကို ရပ်လိုက်ပြီး သူ့ကို နှုတ်ဆက်စကားပြောဖို့ ကိုယ့်ကို မတ်လိုက်တယ်။

How I Met You (MM Translation) CompletedWhere stories live. Discover now