Interlaken

ပြောနေစရာမလိုအောင် ဒီမလာခင်ကတည်းက သူမ သွားချင်နေခဲ့သောနေရာလေးမှာ Interlaken ပင်။နိုင်ငံ၏အလယ်ပိုင်းတွင်ရှိသော Interlaken သည် ဆွစ်ဇာလန်နိုင်ငံရှိ ရှေးအကျဆုံး၊လူသိအများဆုံးနှင့် လူကြိုက်အများဆုံး နွေရာသီအားလပ်ရက် အပန်းဖြေစခန်းများထဲမှ တစ်ခုဖြစ်သည်။၁၇ရာစုလောက်တွင် ဧည့်သည်စတင်ဝင်ရောက်ခဲ့သော Interlaken သည် ရထားလမ်းများပေါက်ရောက်လာခြင်းနှင့်အတူ ရေကန်များပေါ်တွင် လှေဝန်ဆောင်မှုများတိုးတက်လာသည်နှင့်အမျှ Bernese Oberland ဒေသ၏ အဓိကခရီးသွားနေရာဖြစ်လာခဲ့သည်။နေ့ရောညပါ Interlaken တစ်ဝိုက်မှာ လုပ်စရာ activitiy တွေပေါများလှပြီး လမ်းလျှောက်ခြင်း၊တောင်တက်ခြင်းနှင့် ပြင်ပလေ့လာရေးခရီးများကဲ့သို့ လူငယ်ခရီးသွားများအတွက် အမျိုးစုံရရှိနိုင်သော အခြား sport activity များစွာလည်းရှိပေသည်။ထိုကဲ့သို့ Adventure မြို့ဟုခေါ်သည့် Interlaken တွင် ရောက်နေပြီဖြစ်သော သူမအတွက်တော့ အရူးကိုအမဲသားကျွေးမိသလိုပင် သူ့လက်ကိုဆွဲကာ ဟိုပြေးလိုက်ဒီပြေးလိုက်နှင့် တောသူမြို့ရောက်ဖြစ်နေရသည်။နိုင်ငံတစ်ခုလုံးသည် သူမ နှစ်သက်ရသည့်၊သူမ ဝါသနာပါသည့် အရာများနှင့်သာ ပြည့်နှက်နေသည်ကြောင့် သူမက မြို့ထဲမှာလမ်းလျှောက်နေရင်းမှ သူ့ဘက်ကိုလှည့်ကြည့်၍

"ကို ဒီမှာပဲနေကြရအောင်လားဟင်...။မပြန်ချင်တော့ဘူး....."

သူ့လက်မောင်းကိုမှီတွယ်ပြီး ကလေးတစ်ယောက်လို ချွဲ့နွဲ့ပူဆာနေသောသူမကြောင့် သူက အသာပြုံးလိုက်မိရင်း ပခုံးလေးကိုသိုင်းဖက်ကာ

"တကယ် ဒီမှာပဲနေမှာလားပြော..။နေချင်ရင် တစ်ခါတည်း မပြန်တော့ဘဲနေလို့ရတယ်..."

ထိုအခါကျပြန်တော့လည်း သူမက တွေဝေသွားရင်း ခဏကြာမှ ခေါင်းကိုခပ်လေးလေးခါပြကာ

"ဟင့်အင်း မနေတော့ပါဘူး...။ Your Dream မှာ စာကြည့်တိုက်ဆောက်ရဦးမှာကို..."

သူက လမ်းလျှောက်နေရင်းမှ နားထင်လေးကိုဖိကပ်နမ်းလိုက်ရင်း

"အသက်ကြီးလာလို့ ကိုယ်တို့သားသမီးတွေ အခြေကျသွားတဲ့အချိန်ကျရင် ဒီမှာပဲလာနေကြတာပေါ့ နော်..."

You are the only Exception!Where stories live. Discover now