Volume 2 : Chapter 10

325 56 23
                                    

_Unicode_

အတွဲ(၂)

အခန်း(၁၀)

ဒီကတုံးက ဘာလို့သောက်ရမ်းချောနေရတာလဲ

ယွီကျို့၏ အဖျားက နှစ်ည ၊ သုံးညခန့်မျှနှင့် မသက်သာ လာပေ။ ထိုလူသည် ကုတင်ထက်တွင် ရံဖန်ရံခါ ပုစွန်တုပ်လေးကဲ့သို့ ကွေးနေလေ့ရှိပြီး  ရံဖန်ရံခါ၌ အိမ်မက်များထဲ နှစ်မျောလျက်။

ထိုအခြင်းအရာတို့ကို ယွီယွမ် သိနေရခြင်းမှာ ထိုလူက သူ၏ အိပ်ဆောင် တွင်သာ သုံးရက်၊သုံးည သတိမေ့ နေသောကြောင့် ဖြစ်သည်။

ပထမဆုံးညတွင်ပင် နန်းတွင်း သမားတော် ဒရောသောပါး ရောက်ချလာခဲ့ပေသည်။

တစ်ကိုယ်လုံး ရေ ရွှဲရွှဲ စိုနေသော သူနှင့်ယွီကျို့ကို ကြည့်၍မေးမြန်းရာ ရေကန်ထဲမှ သူ့အား ကယ်တင်ခဲ့သည့် အကြောင်း ပြောပြပြီးချိန်တွင် သမားတော် မျက်နှာပျက် သွားသည်ကို ရှင်းရှင်းလင်းလင်း မှတ်မိပါ‌သေး၏။

ထို့နောက် ယွီယွမ် ခန့်မှန်း မိသည်မှာ အနှီလူထံတွင် Hydrophobia ရှိနေ လောက်သည်ဟုပင်။ ပြင်းထန်သော အကြောက် ရောဂါများ၏ လှုံ့ဆော်မှုတို့နှင့် ဆက်နွယ်သော ဗဟုသုတ များကြောင့် ယွီယွမ် ထိုသို့ ကောက်ချက်ချ နိုင်လိုက်ခြင်း ဖြစ်သည်။ သို့မဟုတ်လျှင် ထိခိုက်မှု ကြီးကြီး မားမား မရှိပါဘဲ ထိုကဲ့သို့ အပြင်းဖျား လိမ့်မည်မဟုတ်ချေ။ အပြင်းဖျားခြင်းသည် စိတ်နှင့်ဆိုင်သော အကြောက်လွန် ရောဂါ လက္ခဏာ များစွာထဲတွင် တစ်ခု အပါအဝင် ဖြစ်သည်။
လေးရက်မြောက် မနက်ခင်းတွင် ရှန်မေ့လီ ရောက်လာ၏။

ယွီကျို့၏ ဖြစ်တည်မှုကို တော်ဝင် မိသားစု အသိုင်း အဝိုင်း အတွင်း ဖွင့်ထုတ် ပြီးသား ဖြစ်သဖြင့် ရှန်မေ့လီ အနေဖြင့် ဟန်ဆောင်၍တောင် ဇနီးမယား တာဝန် ကျေပွန်စေရန် ဟန်ရေးပြမည် မဟုတ်ပေ။ မိဘများမှ အရှင်၁၁ အတွက် ရည်ရွယ်၍ ပို့ပေးလိုက်သည့် ငှက်သိုက်ကို ပေါင်းပေးပြီးသည်နှင့် ယွီယွမ့် လက်ထဲသို့ ပန်းကန်လုံး ပစ်ထည့်ကာ သီချင်းညည်းလျက် အပူအပင် ကင်းကင်း ထွက်သွားချေ၏။

Eleventh Lord Where stories live. Discover now