Skydiving အသံကြားသည်နှင့် မျက်လုံးတွေပင် လက်ကနဲ့ဖြစ်သွားရသောသူမက

"သွားကြမယ်လေ... Skydiving ကို လုပ်ချင်နေတာကြာပြီ...။တစ်သက်မှာ တစ်ခါတော့ လုပ်ကြည့်ရမယ့်စာရင်းထဲ အဲ့ဒါလဲပါတယ်...။အား....အကြိုက်ဆုံးပဲ..လိုက်ပို့နော် သွားကြမယ်...။အဲ့လိုဆို ဒီနှစ်မွေးနေ့ကတော့ လုံးဝအမှတ်တရဖြစ်တော့မှာပဲ ဟင်းဟင်း..."

ထင်သည့်အတိုင်းပင် ဖြစ်သွားသောအမူအရာလေးကြောင့် သူက ချမ်းမြေ့သွားရသောစိတ်တို့နှင့် ချစ်ရလွန်းစွာငေးကြည့်နေမိကာ ခေါင်းညိတ်ပြလိုက်လေသည်။

ဒီမျက်နှာလေး ပြုံးပျော်နေဖို့အတွက်ကို အမြဲတမ်းကြိုးစားနေရမှာက သူ့အတွက်တော့ နှလုံးသားနှင့်အသက်ကိုပင် ကြည်ဖြူစွာအပ်နှင်းကာ သူကိုယ်တိုင် ဘဝနှင့်ရင်းပြီးထမ်းရွက်ချင်နေမိသည့် သမိုင်းပေးတာဝန်သာ မဟုတ်ပါလား...။

-----------------------**************-------------------------

အချိန်ကာလအားဖြင့် နှစ်လကျော်ကျော်ခန့် ကုန်လွန်ခဲ့ပြီဖြစ်ကာ သူမ ပုံဖော်နေသည့် Your Dream Library ၏ Foundation သည်လည်း တဖြည်းဖြည်းချင်းပင် ရုပ်လုံးပေါ်လာခဲ့ပြီ။သူကတော့ နီးကပ်လာသော သူမ၏မွေးနေ့အတွက် အာရုံအပြည့်စိုက်ကာ လိုအပ်ချက်မရှိအောင် ကြိုတင်စီစဉ်ရင်း သွားရမည့်ခရီးကို ဂရုတစိုက်ပြင်ဆင်နေရသည်။သူမ၏မွေးနေ့သည် လဆန်းဆန်းချင်း တစ်ရက်နေ့ဖြစ်သောကြောင့် ဒီဘက်လမကုန်ခင် နောက်ဆုံးအပတ်မှာ သွားကြရမည်ဖြစ်သည်။

သွားမည်ပြောလိုက်သည့်နေ့ကတည်းကပင် တက်ကြွနေခဲ့သည့်သူမသည်လည်း အလုပ်တွေကို နှစ်လကျော်ကျော်အတွင်းမှာ မှန်းထားသည်ထက်ပြီးပြည့်စုံအောင် ရွှင်ပျနေသောစိတ်အခံနှင့် ကြိုးစားပမ်းစားလုပ်ခဲ့လေသည်။သွားရမည့်ခရီးအတွက်ကိုလည်း ကြိုတင်ရင်ခုန်ကာ အားတိုင်း ဆွစ်ဇာလန်နှင့်ပတ်သက်သမျှ အကုန်ရှာဖတ်နေရင်း မကြာခင်မှာ ကိုယ်တိုင်ရောက်ရမည့်အရေးကိုတွေးလိုက်လျှင် လူက နေရင်းထိုင်ရင်း လေထဲကိုမြောက်တက်နေသလိုပင်ဖြစ်နေရသည်။ထို့ကြောင့် အဝတ်အစားတွေကအစ ပြင်ဆင်၍မပြီးနိုင်ဖြစ်နေသောသူမကို သူကတော့ အသာပဲစောင့်ကြည့်နေရင်း စိတ်ချမ်းသာသလိုလွှတ်ထားပေးကာ ဘာမှဝင်မပြောခဲ့ပေ။

You are the only Exception!Where stories live. Discover now