ထိုအခါတွင် စိတ်ပါသွားပုံရသောသူမက ဝမ်းသာအားရပုံစံလေးနှင့် ခေါင်းညိတ်ပြလာရင်း

"အွန်း..ကြိုက်တာပေါ့။အဲ့ထက်ကြိုက်တာမရှိတော့ဘူး...။ဘယ်သွားကြမလဲဟင်..ကိုရော ဘယ်သွားချင်လဲ..."

"သွားမယ်ဆို ဒီတစ်ခါ Oversea သွားကြရအောင်လေ...။သဲ ဆွစ်ကိုသွားချင်နေတာဆို..။သွားကြမယ်လေနော်..."

သူ့စကားကို သူမက မျက်ခုံးလေးပင့်ပြီးကြည့်လာကာ

"အဲ့အချိန်လောက်ဆို သွားလည်လို့ကောင်းလားဟင်...။အရမ်းအေးနေမှာလဲစိုးတယ်..."

သူက တစ်ချက်ပြုံးကာ စားလက်စကို ခဏချထားရင်း

"သူတို့ဆီမှာ နွေဦး၊နွေ၊ဆောင်းဦး၊ဆောင်းဆိုပြီးတော့ ရာသီလေးခုရှိတယ်...။ March လလယ်ကနေ June လလယ်ထိက Spring ၊ June လလယ်ကနေ September လလယ်ထိက Summer ၊ September လလယ်ကနေ December လလယ်ထိက Fall Season လို့ခေါ်တဲ့ဆောင်းဦး..အဲ့အချိန်ဆို အပင်တွေမှာ အရွက်တွေက အရောင်ပြောင်းပြီးတော့ အရမ်းလှနေပြီ...။တအားလဲမအေးသေးဘူး...။ပြီးတော့ December လလယ်ကနေ March လလယ်လောက်ထိက Winter ပဲ...။ Winter ကတော့ နှင်းတွေဖုံးပြီး အရမ်းအေးနေပြီ...။သူတို့ဆီမှာ ski ကွင်းတွေဖွင့်ပြီးတော့ နှင်းလျှောစီးကြတဲ့အချိန်ပေါ့..။တော်တော်များများက အဲ့အချိန်ကိုလဲ သွားကြတယ်...။သဲ မြင်ဖူးတယ်မို့လား...နှင်းတွေဖွေးနေတဲ့ကြားက မီးလင်းနေတဲ့အိမ်လေးတွေလေ...။ပြီးတော့ နှင်းဖုံးနေတဲ့တောင်တွေ၊ရေခဲနေတဲ့ရေကန်တွေကို အဲ့အချိန်မှာတွေ့နိုင်တယ်...။ဒါပေမဲ့ နေ့တာတိုပြီး အေးနေတော့ ကိုယ်တို့အတွက် သိပ်အဆင်မပြေဘူး...။သဲကလဲ အရမ်းအေးတာမျိုးမကြိုက်ဘူးမို့လား..."

သူမက ခေါင်းညိတ်လိုက်ရင်း

"အွန်း..မကြိုက်ဘူး...."

"အဲ့ဒါကြောင့်မို့ ကိုယ်တို့က သွားမယ်ဆိုရင် September နောက်ဆုံးအပတ်လောက်ကိုသွားမယ်...။သဲမွေးနေ့က ဆယ်လပိုင်းတစ်ရက်နေ့ဆိုတော့ အတော်လောက်ပဲ...။ရှေ့ရက်တွေ အကုန်နှံ့အောင်လည်ပြီးရင် မွေးနေ့ကို အဲ့ဒီမှာပဲ အေးအေးဆေးဆေးနေပြီးတာနဲ့ ပြန်ခဲ့လိုက်ကြရုံပဲ...။အဲ့အချိန်လောက်က အရမ်းလဲမအေးသေးတော့ လည်လို့ပတ်လို့လဲကောင်းတယ်...။ပြီးတော့ Skydiving လဲ လုပ်လို့အကောင်းဆုံးအချိန်ပဲ...။ဟွန် ဘယ်လိုသဘောရလဲ..သွားကြမယ်မို့လား..."

You are the only Exception!Where stories live. Discover now