"သဲ ကြိုက်သလိုလုပ်ပါ..အမြန်ပြီးအောင် ဆောက်ပေးဖို့ကပဲ ကိုယ့်တာဝန်ထား..."

"အဟင်းဟင်း ဟုတ်ကဲ့.."

လုပ်ချင်တာလုပ်ရတော့မည်ဖြစ်၍ ပြုံးပျော်စွာဖြင့်စားသောက်နေသော မျက်နှာလေးကိုကြည့်ကာ သူက ထပ်ပြီးပျော်စေချင်သောဆန္ဒတွေသာ ပြည့်နေသည်ကြောင့် စိတ်ထဲဝင်လာသောအတွေးနှင့် ချက်ချင်းမေးလိုက်သည်။

"သဲလေး ခရီးထွက်ချင်လားဟင်..ဒီရက်ပိုင်းတွေက အလုပ်တွေလဲရှုပ် ပြီးတော့ မနေ့ကလို စိတ်ရှုပ်ရမယ့်ကိစ္စတွေပါကြုံနေရတော့ စိတ်ပြေလက်ပျောက် နားနားနေနေဖြစ်မယ့်ခရီးမျိုး ထွက်စေချင်တယ်...။ဘယ်သွားချင်လဲ သွားချင်တဲ့ဆီလိုက်ပို့မယ် သွားကြရအောင်..."

သူမက ခဏလောက်တော့ စဉ်းစားလိုက်သေးသော်လည်း ခေါင်းခါပြလိုက်ကာ

"ဟင့်အင်း တော်ပြီ..ခရီးသွားတာထက် စာကြည့်တိုက်ပြီးတာကို အရင်မြင်ချင်နေလို့ အဲ့ဘက်ကိုပဲ အာရုံစိုက်တော့မယ်...။ဘယ်မှမသွားတော့ဘူး..."

သူမကငြင်းနေသော်လည်း သွားစေချင်နေသည့်သူကတော့ ချက်ချင်းခေါင်းမညိတ်ဖြစ်သေးဘဲ သူမမျက်နှာလေးကိုငေးကြည့်ကာ စဉ်းစားနေမိရင်းမှ ရုတ်တရက်သတိရသွားသည့်အကြောင်းကို ထုတ်ပြောမိလိုက်သည်။

"ဒီနှစ် သဲလေးမွေးနေ့ကျရင် ဘာလိုချင်လဲ ဘာလုပ်ချင်လဲ..."

သူမက ထင်မှတ်မထားသည့်မေးခွန်းဖြစ်သော်လည်း သူ့မျက်နှာကိုတည့်တည့်ကြည့်ကာ မဆိုင်းမတွပဲပြန်ဖြေလာသည်။

"ကို ရှိနေပြီပဲကို ဘာလိုချင်နေရဦးမှာလဲ...။ကျန်တာတွေ ဘာမှမလိုချင်တော့ဘူး လိုလဲမလိုအပ်ဘူး ကိုရှိနေရင်ရပြီ အဟွန်း..."

ရင်ထဲကိုလှိုက်ကနဲ့ဖြစ်အောင် ဘဝင်ခိုက်သွားရသောသူက ကျေနပ်ရစွာပဲ အားရပါးရပြုံးလိုက်မိရင်းမှ သူ့ကိုတည့်တည့်စိုက်ကြည့်နေသောသူမလေးအား သူတွေးထားသည့်အတွေးအတိုင်း ထပ်မေးရသည်။

"ခရီးသွားကြမလား...။မွေးနေ့ရောက်ဖို့က သုံးလလောက်လိုသေးတော့ စာကြည့်တိုက်အတွက် စီစဉ်ချိန်လဲရတယ်...။ပြီးတော့ တခြားလက်ဆောင်တွေထက် ကိုယ်နဲ့လက်ထပ်ပြီးတော့ ပထမဆုံးကြုံရတဲ့မွေးနေ့ကို သဲသွားချင်တဲ့နေရာမှာ နှစ်ယောက်တည်း အဓိပ္ပါယ်ရှိရှိဖြတ်သန်းချင်တယ်...။သဲလဲ ကျန်တာတွေထက် ခရီးသွားရတာကို အကြိုက်ဆုံးပဲမို့လား..."

You are the only Exception!Where stories live. Discover now