"လုပ်မနေပါဘူး...အားကိုးရမယ်ထင်လို့ ယောက်ျားယူပါတယ်ဆိုမှ လာမှီချင်နေသေးတယ်...။တစ်သက်လုံးအချီပဲခံသွားမှာ အမှီမခံဘူး လာမပြောနဲ့.."

"အဟင်း ပြီးရင် နေနိုင်တာလဲမဟုတ်ဘူး..."

"နေနိုင်အောင်နေတော့မယ်...။ဒါနဲ့ ကို ရုံးမသွားရတော့ဘူးလား နောက်ကျတော့မှာပဲ..."

"အွန်း......သွားမှာပေါ့ သဲရယ်...။ခဏလေးတော့ ဒီလိုလေး နေပါရစေဦး..."

ပြောပြီး သူမရင်ခွင်ထဲကို ပိုမိုတိုးဝှေ့လာပြန်သောကြောင့် သူမက ရယ်ချင်စိတ်နှင့် အသာရယ်လိုက်မိသေးသော်လည်း သူပြောသည့်အတိုင်းပင် မနေနိုင်စွာဖြင့် ပြန်လည်သိုင်းဖက်ထားရင်း သူ့ရဲ့ခေါင်းအား နှုတ်ခမ်းလေးနှင့်ဖိကပ်ကာ ထိထားမိသည်။သို့နှင့် အတန်ကြာမှပင် နှစ်ယောက်သား ကုတင်ပေါ်မှဆင်းကာ ပြင်ဆင်ပြီးကြသည်နှင့် ချက်ချင်းပဲ ဟိုတယ်ဘက်သို့ထွက်ခဲ့ကြတော့သည်။

ထို့နောက်တွင်မူ Dining Room မှာ နံနက်စာစားနေကြစဉ်အချိန်၌ သူက သူမကိုကြည့်ကာ

"သဲလေး စာကြည့်တိုက်ဆောက်ဖို့ လုပ်ကြစို့နော်...။ Campsite က အရှိန်ရသင့်သလောက် ရနေပြီ...။ဒီတစ်ခါတော့ စာကြည့်တိုက်ဘက်ကိုလှည့်ကြစို့.."

သူ့စကားဆုံးလျှင် စာကြည့်တိုက်အတွက်ကို စချင်နေသည်မှာကြာပြီဖြစ်သောသူမက စိတ်အားတက်ကြွစွာပဲ ပြန်ကြည့်လာရင်း

"ကို့ကို ပြောတော့မလို့ပဲ...။အရင်ရက်တွေက ရှုပ်နေလို့သာ မပြောဖြစ်သေးတာ...။စာကြည့်တိုက်ကိုလေ..ဆောက်ဖို့ဒီဇိုင်းရွေးပြီးတာနဲ့ ဖြစ်နိုင်ရင် ဒီလအတွင်းမှာပဲ အကောင်အထည်ဖော်ချင်နေပြီ..."

"ဖြစ်ရမှာပေါ့ သဲရယ်...။ဒီဇိုင်းက ကိုယ်ပြောထားပြီးသား..သူတို့ပို့လာလိမ့်မယ်...။အဲ့ကျရင် သဲကြိုက်တဲ့ပုံစံရွေးပြီးတော့ စလုပ်ကြရုံပဲ...။ဒီဆောင်းအမီလောက်ကို ဖွင့်နိုင်အောင်လုပ်ပေးမယ်နော်..."

"အွန်း...အခုကတည်းက စာအုပ်တွေ စပြီးစုထားလိုက်တော့မယ်...။ Page မှာလဲ ဘယ်လိုစာအုပ်တွေထားစေချင်လဲ ဖတ်ချင်လဲဆိုတာ ပိုစ့်တင်ပြီးတော့ ကလေးတွေကိုမေးမယ်...။လှူချင်တဲ့သူရှိရင် လှူလို့ရတဲ့အကြောင်းလဲပြောရမယ်...။ဘာပဲဖြစ်ဖြစ် ကိုယ်လှူထားတဲ့စာအုပ်လေးတွေ စာကြည့်တိုက်မှာ သူများဖတ်နေတာကို မြင်ရတဲ့ပီတိကလဲ ဘာနဲ့မှမတူဘူးဆိုတော့ အဲ့ဒါကိုလဲ လှူတဲ့ကလေးတွေကို ခံစားစေချင်တယ်..."

You are the only Exception!Where stories live. Discover now