"ကိုယ် တကယ်ပဲ ခေါင်းမူးတာပျောက်သွားပြီ..."

ထိုအပြောကိုတော့ သူမက သူ့မျက်နှာကြည့်ပြီး ပြောစရာစကားတို့ပျောက်ဆုံးစွာဖြင့် မနေနိုင်စွာဘဲရယ်လိုက်မိရင်း

"ကိုကလေ..တကယ်ကို ဝါသနာပါတာထင်တယ် သိလား...။အမြဲတမ်း ဒါနဲ့ပတ်သက်ရင် သူများနဲ့ကိုမတူတာ..။ထိန်းလို့လဲမရဘူး ထိန်းဖို့လဲစိတ်ကူးရှိပုံမရဘူး..."

"ကိုယ်သာမထိန်းရင် သဲလေး ဒီလိုတောင်နေလို့မရဘူး...။ပြီးတော့ ဒီလိုလုပ်လိုက်လို့ ပျောက်သွားတာမဟုတ်ဘူး...။သဲနဲ့ထိလိုက်ရလို့..အဓိကက သဲဖြစ်နေလို့ပဲ သိရဲ့လား..."

"အဟင်း ဝမ်းသာရမှာလား ဝမ်းနည်းရမှာလားကို မသိတော့ပါဘူး..."

"ဝမ်းသာတာ ဝမ်းနည်းတာ သိဖို့ထက် အဓိကက ကိုယ့်ကိုချစ်နေဖို့ပဲ..."

"ချစ်နေပြီးသားပဲကို.."

"အွန်း အမြဲတမ်းချစ်နေပေးရမှာ..."

ပြောနေရင်း သူမရင်ခွင်ထဲ ခေါင်းတိုးဝင်လာပြီး တင်းကျပ်စွာသိုင်းဖက်ထားသောကြောင့် သူမက ငုံ့ကြည့်လိုက်ကာ

"ဘာလုပ်တာလဲ မကြီးမငယ်နဲ့.."

သူက သူမ၏ရင်ဘတ်နှင့် မျက်နှာကိုတိုးဝှေ့ကာ ဖိကပ်ထားရင်းမှ လက်မောင်းလေးတွေကို ပွတ်သပ်လာပြီးလျှင်

"တကယ်မထင်ခဲ့ဘူး....ဒီရင်ခွင်သေးသေးလေးက ကိုယ့်ကို လုံခြုံအောင် ကာထားနိုင်ခဲ့တယ်ဆိုတာ...။ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း အထင်ကြီးနေခဲ့မိတာ...။သဲနဲ့ပတ်သက်ရင် ကိုယ်ကပဲ ဟီးရိုးဖြစ်ချင်ခဲ့တာ...။အခုတော့ ကိုယ်က ဒီရင်ခွင်လေးထဲကိုပဲ ခိုဝင်ချင်စိတ်တွေပေါက်နေရပြီ...။ကိုယ့်ကို သဲ မဖမ်းစားနိုင်တဲ့အချက်ဆိုတာ ရှိသေးရဲ့လားပြော..."

"ဖမ်းစားတာ မဖမ်းစားတာထက် အမြဲတမ်း ခိုဝင်နေဖို့တော့ မစဉ်းစားနဲ့။ကြီးရင်မှီငယ်ရင်ချီတဲ့..ကိုယ်ကအချီခံရမလား မှတ်ပါတယ်...သူက ပြန်မှီနေသေးတယ် ဟာသပဲ..."

သူမစကားကို သူက သဘောကျစွာပဲ ရယ်မောလာရင်း

"အပြန်အလှန်ပေါ့ သဲရယ်...လင်မယားဆိုတာ ကိုင်းကျွန်းမှီကျွန်းကိုင်းမှီမို့လား...။တစ်ယောက်နဲ့တစ်ယောက် ချီတလှည့် မှီတလှည့် လုပ်ကြတာပေါ့ မဟုတ်ဘူးလား..."

You are the only Exception!Where stories live. Discover now