"ကိုယ့်ကိုချစ်လား..."

သူ့အမေးကို သူမက အထူးအဆန်းတွေလုပ်မေးနေတယ်ဆိုသောအကြည့်မျိုးနှင့် ပြန်ကြည့်လိုက်လျှင်

"ဟွန် ဖြေပါဦး ကိုယ့်ကိုချစ်လားလို့.."

"ဘာလို့လဲ..ဟိုမိန်းမဆီပါသွားလို့ မချစ်တော့ဘူးထင်နေလို့လား..."

"မနေ့ညက သဲ ဘယ်လိုလုပ်ခဲ့တယ်ဆိုတာ သိနေရက်နဲ့ကို အဲ့လိုထင်စရာလား...။ကြားချင်တာ.....ပြန်ကြားချင်တာ..အချိန်တိုင်းကြားချင်တာ..."

သူမက အပြန်အလှန်အကြည့်ချင်းဆုံကာစိုက်ကြည့်လိုက်ရင်းမှ သူ့လည်တိုင်ကို လက်နှစ်ဖက်နှင့်ယှက်တွယ်သိုင်းဖက်၍

"ချစ်တာပေါ့.....အရမ်းချစ်တယ်...။ဘဝမှာ ယောက်ျားတစ်ယောက်ကို ဒီလောက်ချစ်မိလိမ့်မယ်လို့တောင် မထင်ခဲ့မိဘူး...။ဒီလို Drama ဆန်ဆန် ex က ပြန်ပေးဆွဲသွားတဲ့ကိုယ့်ယောက်ျားကို လိုက်ခေါ်ရလိမ့်မယ်လို့လဲ စိတ်ကူးနဲ့တောင်မတွေးခဲ့ဖူးဘူး...။ပြောရရင် ကိုနဲ့တွေ့ကတည်းက မထင်ထားတာတွေချည်းပဲ ကြုံနေရတာ...။ထင်မထားတဲ့အချိန်မှာ မထင်ထားတဲ့လူက မထင်မှတ်ပဲ ကိုယ့်ယောက်ျားဖြစ်လာတယ်..။အဲ့မှာ မထင်ထားရလောက်အောင်ချစ်ပြတော့ ကိုယ်တိုင်ကလဲ ထင်မထားရလောက်အောင် ပြန်ချစ်ရပြန်ရော...။ပြီးတော့ ချစ်ရတာနဲ့တင်မပြီးသေးဘူး..ထင်မထားတဲ့ ဟိုလိုဒီလိုဇာတ်ကွက်တွေကလဲကြုံရသေးတယ်...။နောက်ထပ်ရော ထင်မထားတာတွေက ဘာတွေထပ်ကြုံရဦးမှာလဲ ပြောပါဦး..."

သူမစကားကြောင့် သူက ခေါင်းလေးကိုအုပ်မိုးကိုင်ကာ ဖွဖွပွတ်သပ်ပြီး အသာရယ်မောလိုက်ရင်း

"အဟွန်း..နောက်ထပ်က ထင်မထားတဲ့သားသမီးလေးတွေနဲ့ ကြုံရမှာ..."

စကားဆုံးသည်နှင့် သူ့လက်တွေက ခါးလေးကိုသိမ်းပွေ့ကာ စည်းချက်ကျကျပင် ပြန်လည်လှုပ်ရှားလာသည်။ထို့နောက် သူ့လည်ပင်းကိုသိုင်းဖက်ထားရင်း ယှက်စပ်ခိုဝင်လာသော သူမ၏နှုတ်ခမ်းတွေအား မက်မောစွာတုံ့ပြန်နမ်းရှိုက်လာသည်မှာလည်း ညင်သာနူးညံ့မှုအပြည့်နှင့်သာပင်။ပုံမှန်ထက်ပူနွေးနေသောနှုတ်ခမ်းပါးတွေက သူမမျက်နှာအနှံ့ကိုခပ်ဖွဖွထိတွေ့နေရင်း တစ်လျှောက်လုံး တတွတ်တွတ်ပြောနေသည်မှာက သဲကိုအရမ်းချစ်တယ် ဆိုသည့်စကားပင်ဖြစ်သည်။ထိုသို့ဖြင့် ပူးကပ်နေသောခန္ဓာကိုယ်နှစ်ခုက ခရီးတစ်ခုကို အဆုံးထိရောက်အောင် ရှေ့ဆက်နေသော်လည်း ရမ္မက်ဇောဖြင့် ပြင်းထန်လုံးထွေးမနေပေ။နှစ်ကိုယ်တူ ညှိနှိုင်းပေးအပ်ထားသော သဘောတူညီမှုများအကြား၌ ရင်ဖိုလှိုက်မောဖွယ်မျောလွင့်ကာ အဆုံးတိုင်လျှောက်လှမ်းပြီးမှ ပြီးဆုံးသည့်အချိန်တွင် မျက်လုံးချင်းဆုံပြီး သူမကိုတည့်တည့်စိုက်ကြည့်၍ သူကပြောလာသည်။

You are the only Exception!Where stories live. Discover now