"အွန်း..အဲ့လောက်မဟုတ်ပါဘူး...။ဒါပေမဲ့ သဲ မသွားစေချင်ရင် မသွားဘူး...။သဲလဲမသွားနဲ့..ဒီနေ့ ကိုယ်တို့ အိမ်မှာပဲတစ်နေကုန်နေကြရအောင် နော်..."
သူမက ပြောနေရင်းနှင့် အရောင်ပြောင်းသွားသောမျက်လုံးတွေ၏အထာကို သိလိုက်သည်မို့ ချက်ချင်းပဲ စကားကိုပြန်ပြင်ပြောရသည်။
"ဟင့်အင်း မနေပါဘူး ရုံးပဲသွားတော့..။ကိုနော် နေမကောင်းလို့နားခိုင်းတာကို ပေါက်ကရလုပ်ဖို့ စိတ်ကူးမနေနဲ့။ဒီလောက်ဖြစ်နေတာတောင် ဒီလိုလုပ်ဖို့ စိတ်ကူးနေသေးတယ်...။ဘာလဲ ဟိုမိန်းမကြောင့်မို့ စိတ်ကြွသွားတာလား..."
သူက နှာခေါင်းချင်းထိကပ်ပြီး နှုတ်ခမ်းလေးကိုအသာထိထားလိုက်ရင်းမှ
"စိတ်ကတော့ မနေ့ညကတည်းကကြွနေတာ...။ဒါပေမဲ့ အဲ့မိန်းမကြောင့်တော့မဟုတ်ဘူး...။ကိုယ့်ကိုပြန်ခေါ်လာတဲ့ ကိုယ့်မိန်းမကြောင့်..။လာပါဦး ဒီကို..."
ပြောနေရင်း ရင်ခွင်ထဲကသူမကို သူ့ရင်ဘတ်ပေါ် ပွေ့တင်လိုက်သည်ကြောင့် သူမက ကပျာကယာငြင်းဆန်ကာ ပြန်ဆင်းဖို့လုပ်လိုက်သည်။သို့သော် သူက တစ်ကိုယ်လုံးသိမ်းပွေ့ပြီး လှုပ်မရအောင်ဖိချုပ်ထားရင်း သူမမျက်နှာအနှံ့ကို တရွရွထိကပ်နမ်းရှိုက်လာကာ
"ကိုယ် ခေါင်းမူးတာပျောက်သွားအောင် သဲနဲ့ထိဖို့ လိုအပ်တယ်..."
"ဟွန် ဘာမှမဆိုင်ဘူး...။မနေ့က ဒီလောက်ဖြစ်ထားတာကို ဒီနေ့ ဒီလိုထကြွနိုင်သေးတယ်ပေါ့ ဟုတ်လား..."
"ဟင့်အင်း..မနေ့ကတည်းက ထကြွချင်နေတာကို မလှုပ်နိုင်လို့သာ သည်းခံနေရတာ...။ကိုယ့်ကို ချွေးထွက်ပြီးတော့ ခေါင်းမူးပျောက်သွားအောင် လုပ်ခွင့်ပေး..."
"မလုပ်ရပါဘူး..အွန့် "
ပြောနေရင်း နှုတ်ခမ်းတွေဆီရောက်လာသည့် စွဲမြဲလှသောအနမ်းတွေကြောင့် သူမက ပါးစပ်ပိတ်သွားရကာ ဘာမှထပ်မပြောနိုင်တော့။မြဲမြံလှသောသူ့လက်တွေကြားမှာ တစ်ချက်ကလေးမှလှုပ်လို့မရတော့ဘဲ မကြာခင်မှာပင် သူ့အလိုကျ သူ့စိတ်တိုင်းကျဖြစ်ရတော့သည်။ထုံးစံအတိုင်း လက်တွေက သူမခန္ဓာကိုယ်တစ်ခုလုံးကို အနှံ့ရောက်ပြီးသည့်နောက် အသင့်ဖြစ်နေသည်ကိုတွေ့ရသည်နှင့်ပင် တစ်ဆင့်ချင်းစီမသွားတော့သည့် သူမကိုယ်ထဲသို့ဝင်ရောက်လာခဲ့သောသူသည် အဆင့်တွေကျော်ခဲ့သော်လည်း အလောတကြီးဖြစ်မနေဘဲ ပုံမှန်ထက်ကို ညင်သာလွန်းနေသည်။ပြီးလျှင် တစ်လျှောက်လုံး သူမမျက်နှာကိုသာ အကြည့်မလွှဲစတမ်း တည့်တည့်စိုက်ကြည့်နေသည့် သိပ်သည်းနက်ရှိုင်းနေသောမျက်ဝန်းတွေက နှစ်ယောက်သားအကြည့်ချင်းဆုံမိချိန်မှာပဲ လေသံတိုးတိုးနှင့်မေးလာလေသည်။
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေး...
Ours💞(Part-1)
Start from the beginning
