သူက စောစောစီးစီးဒေါသတွေထွက်နေသောမျက်နှာလေးအား အသည်းယားစွာကြည့်နေမိရင်းမှ
"သဲကိုယ်တိုင်လုပ်စရာမလိုပါဘူး...။အဲ့လိုညစ်ပတ်တဲ့ဟာတွေကို သဲလက်နဲ့ထိစရာမလိုဘူး..."
"ကိုလဲ မထိရပါဘူး...။တခြား ဝိနည်းလွတ်တဲ့နည်းလမ်းနဲ့ ဘယ်လိုတုန့်ပြန်ရမလဲပဲ စဉ်းစားမယ်...။တကယ်ပါပဲ..အဲ့မိန်းမကို ဘယ်လိုလုပ်ရမလဲတောင်မသိတော့ဘူး...။ဘာလို့ အဲ့လောက်အထိန်းအကွပ်မဲ့နေရတာလဲ စိတ်ပျက်စရာကောင်းတယ်..."
"စောစောစီးစီး အဲ့လိုအကြောင်းတွေ ခေါင်းရှုပ်ခံပြီး မစဉ်းစားနဲ့တော့။ကိုယ်ကြည့်လုပ်မယ်နော် ခေါင်းထဲကထုတ်ထားလိုက်တော့.."
ထိုစကားကြောင့် သူမက ထပ်ပြီးမပြောတော့ဘဲ သူ့မျက်နှာကို လက်နှစ်ဖက်နှင့်အသာအယာထိကိုင်ကာ သေချာကြည့်လိုက်ရင်း
"ခေါင်းက ခုထိမူးနေသေးလား..."
သူက သူမ၏လက်လေးတွေကို အပေါ်ကနေထပ်ကိုင်လိုက်ရင်းမှ မျက်ဝန်းတွေထဲအထိတည့်တည့်စိုက်ကြည့်ကာ
"နည်းနည်းပဲမူးတော့တာ..."
ပြောပြီးလျှင် သူ့ဘက်သို့ပို၍နီးကပ်သွားအောင် သူမ၏ပခုံးလေးအား ဆွဲယူထွေးပွေ့ထားရင်းမှ
"ကိုယ့်ကို အနမ်းပေးပါဦး...သက်သာသွားအောင်လို့"
သူ့စကားဆုံးသည်နှင့် ချစ်စဖွယ်ပြုံးသွားသောမျက်နှာလေးက ချက်ချင်းပဲ နှစ်ယောက်အကြား လေမတိုးသာသည်အထိ သူ့ဆီတိုးကပ်လာကာ တောင်းဆိုသည့်အတိုင်း လိုက်လျောပေးလာသည်။သူ့ကို အမြန်သက်သာသွားစေရန် ကုစားပေးမည်ဆိုသည့်ပုံစံမျိုးလေးနှင့် ယုယကြင်နာစွာဖြင့် ထိတွေ့နမ်းရှိုက်နေသည်ကြောင့် သူက ကြည်နူးစွာခံယူနေလျက်ကပင် သူမ၏အနမ်းတွေကို တစ်ရှိုက်မက်မက် ပြန်လည်တုံ့ပြန်မိလေသည်။ထို့နောက် အတန်ကြာမှလွှတ်လိုက်ပြီးလျှင် သူမက သူ့မျက်နှာကို ခပ်ဖွဖွထိကိုင်နေရင်းမှ နဖူးကိုအသာစမ်းကြည့်၍
"ဒီနေ့ အရေးတကြီးလုပ်စရာမရှိရင် ရုံးနားလိုက်ပါလားဟင်..။ခေါင်းတွေမကြည်နေတာကို နားနားနေနေပဲနေစေချင်တယ်.."
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေး...
Ours💞(Part-1)
Start from the beginning
