ပြောပြီး နှုတ်ခမ်းတွေဆီကို ရောက်လာသောအနမ်းတွေကြား နစ်မြုပ်သွားရပြန်ရင်း အချိန်အတန်ကြာသည်အထိ မလွှတ်သေး၍ ဖယ်ခွာရန်ဟန်ပြင်လိုက်စဉ်မှာပင် သူ့ဆီသို့ ph ဝင်လာသည်။ထို့ကြောင့် သူမက ph လာနေသည်ကိုပင် ဂရုမစိုက်ဘဲ ဆက်နမ်းနေသေးသောသူ့အား တွန်းလွှတ်လိုက်ရင်း

"ph လာနေတယ်လေ မကိုင်ဘူးလား..."

ထိုအခါကျမှ သူမကိုပြန်လွှတ်ပေးပြီး ပြုံးစစဖြင့်ကြည့်ကာ ဖျတ်ကနဲ့တစ်ချက်ထပ်နမ်းပြီးမှ ph ကိုင်လေသည်။

"အေး ပြော.."

ပြန်ထူးလိုက်သည့်အသံအရ ဇင်မင်းမှန်းသိလိုက်သည်ကြောင့် သူမက သူထည့်ပေးထားသော skincare အိတ်ကို ကျန်ခဲ့တာရှိမရှိကြည့်ရန်အတွက် ဖွင့်စစ်နေလိုက်သည်။

"ချန်မထားနဲ့ အကုန်သွင်းပစ်လိုက်..။ရတယ် ငါတို့ဘက်က ဘာမှအထိအခိုက်ရှိမှာမဟုတ်ဘူး...။သူတို့ပဲလုံးဝထိမှာ.."

"....."

"အဲ့ဒါတော့ သူတို့သဘောပါ...။ဒါပေမဲ့ ငါတို့ဘက်က Blacklist သွင်းပြီးတော့ အကုန်အဆက်ဖြတ်လိုက်တာနဲ့ ကျန်တဲ့ တခြားပူးပေါင်းထားတဲ့ဘက်တွေမှာလဲ လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားမှာပဲ...။သေချာပေါက်ကတော့ ဒီတစ်ခေါက် အနည်းနဲ့အများ ယိုင်ကျသွားမှာ...။ဘာပဲဖြစ်ဖြစ် ဂရုစိုက်မနေနဲ့ လုပ်လိုက်တော့.."

ထို့နောက် အတန်ငယ်ကြာချိန်မှာ ph ချပြီးသွားလျှင် သူမက သူ့ကိုကြည့်လိုက်ရင်း

"ဘယ်သူ့ကို Blacklist သွင်းတာလဲဟင်.."

သူက သူမမျက်နှာကိုတစ်ချက်ကြည့်ပြီးမှ

"AA လေ..ဝိနည်းလွတ်အောင်လုပ်လို့ သဲကပြောထားတော့ ကိုယ်က ဒီလိုပဲအပြတ်ဖြတ်လိုက်တာ..."

"အဲ့ဒါဆို သူတို့လုပ်ငန်းတွေ ပျက်စီးမှာလားဟင်..."

"အနည်းနဲ့အများပေါ့.."

သူ့စကားအဆုံးမှာ ဖျတ်ကနဲ့ တွေဝေသွားရသောပုံစံလေးကြောင့် သူက သူမ၏ခေါင်းကိုအုပ်မိုးကိုင်ကာ ဆံနွယ်လေးများအား ခပ်ဖွဖွမွေ့ယမ်းလိုက်ရင်း

"ဘာမှတွေးပေးမနေနဲ့ ဒီလိုလုပ်မှပဲရမှာ...။မဟုတ်လဲ ဒါတွေက အပြတ်ဖြတ်ရမယ့်ကိစ္စတွေ..."

"အဲ့မိန်းမရောဟင်..ဘာသံမှမကြားမိဘူးလား..."

"အဲ့နေ့ကတည်းက ပျောက်သွားတာပဲ...။ဘာပဲဖြစ်ဖြစ် သဲ ခေါင်းထဲထည့်စရာမလိုဘူး...။ဒီတစ်ခေါက်ကိစ္စပြီးရင် သူတို့လုံးဝလှုပ်ရဲမှာမဟုတ်တော့ဘူး စိတ်ချနေနော် သိလား..."

"အွန်း...."

သူက တုံ့ဆိုင်းဆိုင်းနှင့် ခေါင်းညိတ်လိုက်သောသူမကို သိုင်းဖက်ကာဆွဲခေါ်သွားလိုက်ရင်း

"လာ ဘာမှတွေးမနေနဲ့တော့ စောစောအိပ်ကြစို့ မနက်ထရဦးမယ်..."

"ဟုတ်ကဲ့..."

ရွှေခေတ်သည် သူအိပ်ခိုင်း၍သာ သူ့ရင်ခွင်ထဲတိုးဝင်ကာ မျက်လုံးတွေမှိတ်ထားရသော်လည်း တော်တော်နှင့်အိပ်မပျော်နိုင်ပေ။ပျောက်ချက်သားကောင်းနေသည့် ထိုမိန်းမအကြောင်းနှင့် သူတို့ကုမ္ပဏီအကြောင်းက မတွေးချင်သော်လည်း စိတ်ထဲရောက်နေရသည်။ပြီးလျှင် သွားချင်နေသည့် စိတ်ကူးထဲကနိုင်ငံကို သွားမည့်သွားတော့လည်း ချစ်ရသူနှင့်အတူ သွားရတော့မည်ဖြစ်၍ ရင်ခုန်စိတ်လှုပ်ရှားကာ ကြိုတင်စိတ်ကူးယဉ်နေမိသောကြောင့် ညနက်မှသာပင် အိပ်ပျော်သွားခဲ့လေသည်။

-----------------------***************-----------------------

Hello...

ဒါလေးက အမြည်းလေးပါ ဒါဒါတို့ရေ...
ပြောရရင် appetizer လေးပေါ့နော်
အပိုင်းက အကုန်ပေါင်းလိုက်ရင် စာလုံးရေတွေအရမ်းများပြီး တော်တော်ကြီးကို ရှည်သွားလို့ နှစ်ပိုင်းခွဲလိုက်ရတာပါ
မနက်ဖြန်ကို ကျန်တဲ့ Part-2 တင်ပေးပါ့မယ်နော်
လူလည်လုပ်တယ်လို့တော့ မထင်ပါနဲ့ အဟဲ😁
မျက်လုံးတွေ ညောင်းမှာစိုးလို့😌

👆ဒါက အရင်က A/N လေးပါ။

အခုကတော့ ဘာမှအကျိုးအကြောင်းမပြောနိုင်ဘဲ အကြာကြီးပျောက်သွားမိတာ သာသာဘက်က တကယ်အားနာရပါတယ်။လာပြောဖို့အခွင့်မသာတာကို ဘာရယ်ညာရယ်လို့လဲ ခရေစေ့တွင်းကျပြောပြလို့မရတော့ ဒီရက်တွေထဲ update မပေးတဲ့အတွက် စိတ်အနှောင့်အယှက်ဖြစ်သွားရရင် တောင်းပန်ပါတယ်နော်...။ Ouo လေးတွေကို ဒီလထဲမှာ ဝင်ပေးထားကြတာလဲတွေ့လို့ စိတ်ချမ်းသာကျေးဇူးတင်ရပါတယ်။အားထုတ်ပေးသမျှ အကျိုးမယုတ်စေရပါဘူး...။အလျင်မီအောင် မြန်မြန်လေးအပြီးသတ်နိုင်အောင် သာသာကြိုးစားပါ့မယ်။

နောက်ကျနေပေမဲ့ 2023 မှာ စာဖတ်သူတို့အားလုံး ဘေးဘယာဝေးကွာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီးတော့ တစ်နှစ်ပတ်လုံး အစစအရာရာ အဆင်ပြေအောင်မြင်ကြပါစေ❤️

You are the only Exception!Where stories live. Discover now