"ဘာလဲ..."

"ကလေးရအောင် လုပ်လို့မရသေးတာ...။အဲ့တစ်ခုကလွဲရင် ကျန်တာအကုန် စိတ်ရှိတိုင်းလုပ်လို့ရတယ်..."

သူ့စကားကြောင့် သူမက အသာပြုံးလိုက်မိရင်း

"နောက်နှစ်ကျရင်ရမှာပဲကို ခဏလောက်တော့ သည်းခံလိုက်ပါဦး..."

"အွန်း..သည်းခံထားတယ်လေ...။အဲ့လိုသည်းခံရင်း ကိုယ့်မှာ အချိန်တွေလက်ချိုးရေတွက်လာရတာ ဘာလိုလိုနဲ့ လက်ထပ်ထားတာ နှစ်ဝက်တောင်ကျိုးတော့မယ်...။အဲ့လိုဆိုတော့ အရင်နှစ်က ကိုယ့်ကိုယ်ကိုယ်ပြန်စဉ်းစားကြည့်လိုက်ရင် ဒီနှစ်မှာ အရင်ကကိုယ်နဲ့ ဘာမှမဆိုင်အောင် တခြားစီဖြစ်သွားပြီပဲ..."

"ဘာလဲ အိမ်ထောင်ကျပြီး ကဲချင်တိုင်း ကဲလို့မရတော့လို့လား...။အခုကျတော့ မိန်းမယူလိုက်တာကို နောင်တတွေရနေပြီမို့လား..."

"ဘယ်လိုထင်လဲပြော..."

"ဘယ်လိုမှမထင်ပါဘူး...။မိန်းမဆိုတာ တစ်ယောက်ထဲပဲယူလို့ရတော့ ရှုပ်ပွေနေကျလူက နေမထိထိုင်မသာတွေများ ဖြစ်နေမလားလို့.."

"အဲ့ဒီ တစ်ယောက်တည်းသောမိန်းမကို လိုချင်လွန်းလို့ မရရအောင် ဘယ်လိုယူခဲ့ရလဲဆိုတာကိုတော့ သိတယ်မို့လား...။ပြီးတော့ နေမထိထိုင်မသာဆိုတာ ဘယ်အခြေအနေမှာ ဘယ်လိုကြောင့်ဖြစ်တယ်ဆိုတာရော သိပြီးရဲ့လား...။မသိရင် သိအောင်ပြောပြဦးမယ်..."

သူမ၏မေးလေးကိုပင့်တင်ကာ သေချာစိုက်ကြည့်ပြီး မေးနေသောသူ့ကြောင့် သူမက မျက်နှာကို သူ့လက်ထဲကနေရှောင်လိုက်ရင်း

"မသိပါဘူး...သိအောင်လဲ လာပြောမပြနဲ့ မသိချင်ဘူး..."

"ဘာလို့လဲ.....ခုနကပဲ ကိုယ့်ပါးစပ်ကထွက်လိုက်တဲ့စကားတစ်ခွန်းကို အခုကျမှ မသိချင်တော့ဘူးတဲ့လား...။သိချင်လိုက်ပါ ပြောပြမယ်..."

သူက မျက်နှာကို လက်နှစ်ဖက်နှင့်ညှပ်ကိုင်ကာ နှာခေါင်းချင်းပွတ်တိုက်ရင်း လာပြောနေသောကြောင့်

"တော်ပြီလို့ ယားတယ် ဖယ်ပေး..."

"ဖယ်မပေးချင်ဘူး...။သဲကို သိအောင်ပြောပြချင်သေးတယ် ကိုယ်က..."

You are the only Exception!Where stories live. Discover now