သို့နှင့်ပင် သွားရမည့်နေ့ကိုရောက်လာကာ မနက်ဖြန်ဆို မန္တလေးဆင်းရတော့မည်။

အကုန်စီစဉ်ပြီး အဝတ်အစားတွေပါထည့်၍ ပြီးစီးသွားသောအခါတွင် သူမက

"ကို အရမ်းအေးမလားဟင်..။ Autumn ထဲရောက်နေတဲ့အချိန် September နောက်ဆုံးအပတ်ဖြစ်နေတော့ အေးမလားလို့.."

"ဒီမှာထက်တော့အေးမှာပေါ့ သဲရယ်...။ကလောမှာနေနေတာပဲကို အအေးကြောက်တုန်းပဲလား..."

သူက မှန်တင်ခုံရှေ့မှာရှိနေသည့် သူမဆီသို့လာကာ နောက်ကနေသိုင်းဖက်လိုက်ရင်း

"အေးတော့ရော ဘာဖြစ်လဲ...။ကိုယ်ရှိနေတာပဲကို.."

သူမက ဖက်ထားသောသူ့လက်တွေကို ပြန်ဆုပ်ကိုင်လိုက်ပြီး နောက်ပြန်လှည့်ကြည့်ကာ

"အဟင်း အေးမှာမကြောက်ပါဘူး...။အနွေးထည်တွေနဲ့ ပဲများချင်လို့မေးတာ...။ဒါနဲ့လေ Skydive လုပ်ရင် သူများနဲ့လုပ်ရမှာလားဟင်..။တစ်ယောက်စီခွဲပြီးတော့ တကွဲတပြားနဲ့လုပ်ရမှာပေါ့ ဟုတ်လား..."

သူ့မျက်နှာကိုမော့ကြည့်ကာ မျက်လုံးလေးပြူးပြီးမေးနေသည့်သူမကြောင့် သူက အသည်းယားစွာဖြင့် ပါးလေးအားဖိကပ်နမ်းလိုက်ရင်း

"မလုပ်ရပါဘူး..ကိုယ်နဲ့ပဲ အတူတူလုပ်ရမှာ...။ကိုယ်က သင်တန်းတက်ထားပြီးသား...။ပြီးတော့ သွားတိုင်းလဲ အမြဲတမ်းခုန်နေကျဆိုတော့ ကျွမ်းကျင်အဆင့်ဖြစ်နေပြီ...။ကိုယ့်ကိုယုံကြည်ထားလို့ရတယ်..."

ထိုအခါ သူမက ချက်ချင်းသူ့ဘက်လှည့်လာကာ မျက်နှာချင်းဆိုင်ပြီး ခါးကိုသိုက်းဖက်ထားလိုက်ရင်း

"တကယ် အတူတူခုန်ရမှာပေါ့..။ဟား...ကိုက တော်လိုက်တာ...။ဘာလို့ အဲ့လောက်လုပ်တတ်တာတွေများနေတာလဲ...။ဆရာကြီးကို ကြွေပြီးရင်းကြွေပဲ အဟွန်း..."

ပြောပြီး သူ့ရင်ဘတ်မှာပါးလေးအပ်ကာ သူ့ခါးကိုတင်းနေအောင်ဖက်ထားသောကြောင့် သူက ခေါင်းလေးကိုငုံ့နမ်းလိုက်ရင်း

"ကိုယ် လုပ်လို့မရတာ တစ်ခုပဲရှိတယ်..အဲ့ဒါဘာလဲသိလား..."

သူမက မော့ကြည့်လာကာ

You are the only Exception!Donde viven las historias. Descúbrelo ahora