Chapter(294) - လင်ကျန်၏ ကိုယ်ပိုင် ပိုင်ဆိုင်မှု

Start from the beginning
                                    

နောက်ထပ် စကားနှစ်ခွန်းလောက် ထပ်ဆဲဆိုပြီးနောက်မှာ ချင်းကျူက စာလိပ်ကို ပိတ်လိုက်ပြီး သူတို့ကို ပြောလာသည်။

"ဒီထဲက တစ်ဝက်လောက်က အလွယ်တကူ ရှာဖွေဖို့ မလွယ်ကူဘူး, သုံးရက်က အရမ်းခက်ခဲမှာပဲ စိုးရတယ်"

လင်ရွှမ်းဇီသည်လည်း စိတ်ပျက်လက်ပျက်ဖြင့် ပြောသည်။

"ကျွန်တော်တို့ တတ်နိုင်သလောက်ပဲ ရှာကြတာပေါ့, မရနိုင်တဲ့ ပစ္စည်းတွေကတော့ မတတ်နိုင်ဘူးလေ"

"ဒီနည်းလမ်းတစ်ခုပဲ ရှိတော့တယ်လေ" ချင်းကျူက အေးစက်စက်ပြောသည်။

"ဟွိုင်ယွီရဲ့ မျက်နှာက ဘယ်လောက်တောင် ကြီးနေလို့လဲ? လူအိုကြီးတစ်ယောက်က လူငယ်လေးတွေဆီက ဒီလိုမျိုး တောင်းဆိုတာက တကယ့်ကို မလေးစားရာ ကျလွန်းတယ်"

ယန်ထျန်းဟန်က မျက်တောင်ခတ်လိုက်ပြီး အမှန်တရားကို ပြောရှာသည်။

"ကျွန်တော့ဆရာက လုံးဝမအိုသေးဘူး, တကယ်တမ်းဆို သူက အရမ်းတောင် လှတာ"

ချင်းကျူ, "...."

လင်ရွှမ်းဇီက သက်ပြင်းချသည်။

"စိတ်ရှုပ်မခံပါနဲ့ ဦးလေးကျူရယ်, ကျွန်တော့မှာ ပိုက်ဆံတွေ အများကြီး ရှိပါသေးတယ်...."

"မင်းရဲ့ပိုက်ဆံကို ငါဘယ်လိုများ သုံးလို့ဖြစ်မှာလဲ? ငါက လောလောဆယ်မှာ မင်းထက်ပိုက်ဆံပိုရှိတယ်"

 ချင်းကျူက စာလိပ်အား သိမ်းဆည်းလိုက်သည်။

"မင်းအဖေက ဒီနှစ်တွေအတွင်း တိုက်ကြီး ငါးတိုက်တစ်ခုလုံးမှာ ကိုယ်ပိုင် ပိုင်ဆိုင်မှုတွေ အများကြီး ဝယ်ယူထားတာ, နောက်ရက် အနည်းငယ်အတွင်း ငါအဲ့ဒီ ပိုင်ဆိုင်မှုတွေကို ဖြေရှင်းမယ်, ငါအဲ့ဒီ မှော်လက်နက်နဲ့ ဆေးလုံးဆိုင်တွေ၊ လက်ဖက်ရည် ဆိုင်တွေအပြင် တည်းခိုခန်းတွေအားလုံးကို ဖြေရှင်းလို့ပြီးသွားတာနဲ့ မင်းကိုအကုန်လုံး လက်လွှဲပေးမယ်"

"ကျွန်တော့အဖေမှာ ကိုယ်ပိုင် ပိုင်ဆိုင်မှုတွေရှိတာလား?"

ချင်းကျူက ခေါင်းညိတ်ပြသည်။

"ဟုတ်တယ်, မင်းအဖေက မင်းကို ကျင့်ကြံခြင်းမှာ အာရုံစိုက်စေချင်တာကြောင့် အဲ့ဒီလို ကိစ္စတွေ မပြောခဲ့တာ, သူကမင်းကို နှောင့်ယှက်မိသွားမှာ ကြောက်နေတယ်လေ, သခင်ကြီးကျန်က အနာဂတ်မှာ သူတစ်ခုခု ဖြစ်သွားခဲ့ရင် မင်းကို ဂရုမစိုက်နိုင်မှာ စိုးရိမ်ပြီး မင်းအတွက် တစ်ခုခု ချန်ထား ပေးခဲ့ချင်တာ, ပိုက်ဆံအများကြီး မရှာနိုင်ပေမယ့်လည်း အဲ့ဒီနေရာတွေက မင်းနဲ့ အားဟန်တို့ နေထိုင်ဖို့နဲ့ ဆက်ပြီး ကျင့်ကြံနိုင်ဖို့ လုံလောက်တယ်"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now