ကျီချင်က ပုံမှန်လေသံဖြင့်
"သူတို့က သိပ်နာမည်မကြီးတဲ့ကုမ္ပဏီသေးသေးလေးဆိုတော့ အမေမကြားဖူးတာ မဆန်းပါဘူး။
ကျနော်ကတော့ လိန်မိသားစုကသမီးလို ထင်ပေါ်ကျော်ကြားပီးဆယ်လီဖြစ်နေတဲ့သူထက်စာရင် နှိမ့်ချတတ်တဲ့သူ့ကိုပိုသဘောကျတယ်"

လင်ဖန်းရူကပြန်ပြောလာသည်
"ငါပြောချင်တာက မင်းတို့အရင်ကတည်းက ဒီလိုဆက်ဆံရေးရှိခဲ့တယ်ဆိုရင် ဘာလို့ကြင်ဖက်တွေ့ခိုင်းတုန်းက မငြင်းခဲ့တာလဲ"
ဂူရှီးယွီကလည်း သူ့ဘေးကလူကိုတိတ်တိတ်လေးထိုင်ကြည့်နေပီး ဒင်းဘယ်လိုတွေ ဆင်ခြေဆင်လက်ပေးမလဲစောင့်ကြည့်လို့နေသည်။

မထင်မှတ်ထားစွာနဲ့ပဲ ကျီချင်ဟာဒီလိုအခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားပုံရသည်။
သူ့မျက်လုံးထဲမှာ မတတ်သာသည့်အရိပ်အရောင်လေးတွေပေါ်လာပီး
"အဲ့အချိန်တုန်းက ရှီးယွီနဲ့ကျနော်ရန်ဖြစ်ထားပီး လမ်းခွဲကြမို့တောင်လုပ်နေတာ။
ကျနော်ကလည်း သူစိတ်ဆိုးအောင်ဆိုပီး ကြင်ဖက်တွေ့ဖို့လက်ခံခဲ့တာ။
နောက်မှပြန်တွေးလိုက်တော့ ကျနော်သူနဲ့မခွဲနိုင်ဘူး။
ကျနော်သူ၀မ်းနည်းမယ့်လုပ်ရပ်မျိုး မလုပ်ချင်ဘူး"

ဂူရှီးယွီ-"???"

လင်ဖန်းရူက သူ့ကိုအခေါက်ခေါက်အခါခါ ကြည့်လိုက်ပီးမှ သူမရဲ့ခြုံထည်ကိုသပ်သပ်ရပ်ရပ် ပြင်လိုက်ကာ မေးလာသည်
"ဟုတ်လား၊အာ့ဆို ဘာလို့အစကတည်းက မပြောတာလဲ"

ကျီချင်မှာ မျက်လွှာလေးချလိုက်ပီးမချိပြုံးလေးဖြင့်
"အစက ကျနော့်ဘေးမှာ အဖော်ပြုပေးမယ့် တစုံတယောက်အနေနဲ့သူ့ကိုရွေးချယ်ထားတဲ့သဘောပဲ။
လက်ထပ်ဖို့အထိတောင် မစဥ်းစားထားဘူး။
အဲ့လိုလုပ်ဖို့လည်းမလိုဘူးလို့ထင်ခဲ့တာ။
ဒါမယ့် အခုတခေါက်ရန်ဖြစ်ပီးမှ သူကကျနော့်အတွက် ဘယ်လောက်အရေးပါတဲ့သူဖြစ်ကြောင်း သိလာခဲ့တာ။
ပီးတော့ ကျနော့ဘ၀ရဲ့နောက်ဆုံးအချိန်တွေထိ အတူရှိသွားချင်တဲ့လူက သူဖြစ်မှကိုရမယ်လို့ ကျိန်းသေသွားခဲ့တာ"
(T/N ဒရမ်မာတွေရမယ် ဒရမ်မာတွေ😆)

ဂူရှီးယွီရဲ့ ဖုန်းကိုကြေလုနီးပါးဆုပ်ကိုင်ထားတဲ့လက်က အဖြူရောင်ဘက်တောင်သန်းနေပီ။
ဒီလိုချစ်ရည်ရွှန်းပီး ဆွတ်ပျံ့ကြည်နူးဖွယ်ကောင်းလှတဲ့ အချစ်ဇာတ်လမ်းလေးကို သူတောင် ယုံမိလုနီးပါးဖြစ်သွားခဲ့သည်။
ကျီဇီရွှမ်က အဖြူရောင်လည်ထောင်အင်္ကျီကို၀တ်ဆင်ထားသည်။
သူကတည်တည်ငြိမ်ငြိမ်နဲ့ သူ့ကိုကြည့်ပီး
"မစ္စတာဂူက မိသားစုကြီးကမဟုတ်ပေမယ့် သူ့မိသားစုနဲ့နောက်ခံက ပြဿနာတစုံတရာမရှိပါဘူး။
ဦးလေးကလည်း အရမ်းနှစ်သက်နေတော့ အားလုံးကအဆင်ပြေနေသားပဲလေ"

ဗီလိန်ကငါ့Systemကို၀င်စီးသွားတယ်{မြန်မာဘာသာပြန်}Onde as histórias ganham vida. Descobre agora