ဂျီမင် ခေါင်းရမ်းပြလိုက်သည်...

"ကျွန်တော့အမှားပါ ကျွန်တော်က မင့်ကိုရော အကိုဟိုဆော့ကိုရောကို ဒုက္ခရောက်စေခဲ့တာ"

အမြဲအပြစ်သားလိုမိမိကိုယ်ကို သတ်မှတ်ခဲ့ရတဲ့ဂျီမင့်အတွက် အတိတ်ဖြစ်ရပ်တို့ဟာနာကျင်စရာအတိပင်...ပြန်စဉ်းစားတိုင်း ဂျီမင့်ရဲ့မျက်၀န်းအိမ်ကမျက်ရည်ကြည်တချို့ ကျဆင်းလာလေသည်...သို့ပေမဲ့ထိုမျက်ရည်ကြည်တို့ ဟာတစုံတခုရဲ့ဟန့်တားခြင်းကိုခံလိုက်ရသည်...

"မငိုပါနဲ့ ဂျီမင် မင်းကမျက်ရည်တွေနဲ့မလိုက်ဖက်ဖူး"

မျက်ရည်တွေကိုကြင်နာယုယာစွာသုတ်ပေးနေတဲ့ ထိုသူ မင်ယွန်းဂီ...

"ကိုယ်သဘောကျရတဲ့ ဂျီမင်က အပြုံးနဲ့ဆိုအမြဲတောက်ပနေတဲ့ကောင်လေးပါ"

ဟုတ်သည် ယွန်းဂီရင်ထဲကိုဂျီမင် စ၀င်လာသည့်အချိန်..ထိုအချိန်က ကလေးတယောက်ရှေ့မှာဖြူစင်စွာပြုံနေသည့်သူ့အပြုံးတို့ကြောင့် ယွန်းဂီရဲ့နှလုံးသားလေး ဂယောင်ချောက်ချားဖြစ်ခဲ့ရသည်...ဖြစ်နိုင်ရင် ယွန်းဂီထိုသူ့ကိုအမြဲပျော်ရွှင်နေစေချင်ပါသည်...
အတ္တတချို့ပေါင်းထည့်ရပါမည်ဆိုလျှင် ထိုသူ့ကိုပျော်ရွှင်အောင်ဖြည့်စည်းပေးနိုင်သူသည်လည်း မိမိတယောက်သာဖြစ်စေလိုပါသည်...
.
.
.
.
.
.
.
သစ်ပင်စိုက်ကွင်းစီကိုရောက်နေတဲ့ ထယ်ယောင်းအတွက် အိမ်မက်ကနေလှုပ်နှိုးခံလိုက်ရသည့်လူတယောက်လိုပင်...

"ဒါက ငါမကာကွယ်နိုင်ခဲ့တဲ့ ငါတို့ရဲ့ကလေးလေ"

ပြောရင်း ငိုလာတဲ့ဟိုဆော့ကြောင့် ထယ်ယောင်းမည်သို့ပင်လုပ်ရမှန်းမသိပါ...မိမိပိုယ်တိုင်ကတော့ငိုကြွေးဖို့ရန်ပင်အင်အားမရှိတော့...မိမိချစ်ရသူနဲ့မိမိသွေးသားကိုကာကွယ်နိုင်ခြင်းမရှိသည့်အတွက် မိမိကိုယ်ကိုရွံမုန်းမိပါသည်...

"တောင်းပန်ပါတယ် ထယ်‌ယောင်း သူ့ကိုမကာကွယ်နိုင်ခဲ့တဲ့အတွက်"

ထယ်ယောင်း ဟိုဆော့ရဲ့လက်လေးကိုဆုပ်ကိုင်လိုက်ရင်း

"ကျွန်တော်ကသာတောင်းပန်ရမှာပါ
ဟိုဆော့ကိုရော ကလေးကိုရော ကျွန်တော်မကာကွယ်နိုင်ခဲ့ဘူး"

Only you (Complete)Where stories live. Discover now