ယွန်းဂီ ထိုင်နေရာကနေမတ်တပ်ရပ်လိုက်ရင်း...

"ဒီကိစ္စကို ဟိုဆော့လာမှတိုင်ပင်ကြည့်ရအောင်
Kim RMကို ကမ်နမ်ဂျွန်းခန္ဓာကိုယ်ထဲကနေ အပီးတိုင်ဖယ်ထုတ်လို့ရမလားဆိုတာ"

အကုန်လုံး ခေါင်းငြိမ့်လိုက်ကြသည်...

"ဒါနဲ့ အကိုဟိုဆော့ဘယ်ရောက်နေတာလဲ"

ဂျန်းကုက ဂျီမင့်ရဲ့အ‌ေမးကိုဖြေလိုက်သည်...

"ထယ်ယောင်းနဲ့အတူရှိနေမှာပေါ့"

"ဒါဆိုလဲကျွန်တော်ပြန်တော့မယ်..."

ထသွားတဲ့ဂျီမင့်ရဲ့နောက်ကနေ ယွန်းဂီလိုက်သွားလိုက်သည်...

"သူတို့က ဘာတွေလဲဂျန်းကု??"

မျက်မှောင်ကျုံပီးမေးနေတဲ့ဆော့ဂျင်ရဲ့ ပါးဖောင်းဖောင်းလေးကို ဂျန်းကု ကိုက်လိုက်ရင်း..

"ကျွန်တော်တို့လိုပဲနေမှာပေါ့"

"ခွေးကောင် မင်းကိုက်တာနဲ့ ငါ့ပါးမှာသွားရာတွေကြည့်ဖြစ်နေပီ"

"ပိုလှသွားတာပေါ့"

ဆော့ဂျင်ရဲ့ လက်သီးဆုပ်သေးသေးလေးဟာ ဂျန်းကုရဲ့နောက်ကျောပေါ်ကိုရောက်လာခဲ့ပေမဲ့ ချစ်ရသူကိုတော့နာကျင်ခြင်းမဖြစ်စေခဲ့ပါပေ...

"အကို "

"ဟင်"

"အရမ်း ချစ်တယ်"

မျက်နှာနီပီးတဖက်ကိုလှည့်သွားတဲ့ဆော့ဂျင်ကြောင့် ဂျန်းကုအသာ‌ပြုံးမိသည်..ချစ်ရသူသည် ထိုမျှပင်ရှက်တတ်လွန်းပါသည်...
.
.
.
.
.
.
.
"ဂျီမင် ကိုယ်လိုက်ပို့ပေးမယ်"

ဂျီမင် အသာတကြည်လက်ခံလိုက်သည်...
အရင်ကထက်စာရင် သူနဲ့ယွန်းဂီရဲ့အခြေအနေတိုးတက်လာပေမဲ့ အခုထိသေချာရေရာတဲ့ဆက်ဆံရေးတခုတော့ မဟုတ်သေးပေ..နမ်ဂျွန်းကို အချိန်အကြာကြီးချစ်ခဲ့ရတာကြောင့် အခုထိတခြားတယောက်ကိုလက်ခံဖို့ဂျီမင်မဝံ့ရဲသေပေ..
သို့သော် မင်ယွန်းဂီဆိုသော ထိုသူအပေါ်မှာလည်း အမျိုးအမည်မသိသောခံစားချက်တို့ဖြစ်ပေါ်နေလေသည်...

"ဂျီမင် အခုကိစ္စတွေကြောင့် တော်တော်စိတ်ရှုပ်နေပီမလား"

Only you (Complete)Where stories live. Discover now