💔26💔(Part1)

Start from the beginning
                                    

ကားတံခါးအဆင်သင့်ဖွင့်ပေးတော့အထဲမှာ
ထိုင်နေတဲ့လူကြီး....။အေးစိမ့်နေသော
အငွေ့အသက်တွေသည်အပြင်အထိသက်ရောက်သည်။
မတတ်နိုင်တော့..MinYoongi ကိုရှောင်ဖယ်ထွက်ပြေး
လို့ရနိုင်မယ်မထင်..။ကိုယ့်ရှေ့မှောက်ကြီးရောက်နေတာ။
ဖွင့်ပေးသောကားထဲဝင်ထိုင်လိုက်တဲ့အခါ
ငြိမ့်ငြိမ့်လေးမောင်းထွက်သွားသည်။

ကားပေါ်ရောက်မှကြည့်မိတဲ့အခါ လူကြီး
မျက်နှာတွေ လက်ချောင်းတွေ လည်ပင်းနေရာတွေ
အထိအညိုအမဲတွေ...။မျက်ခုံးနားဆိုသွေးတွေစို့
နေကာထယ်ယောင်းမျက်လုံးပြူးသွားခဲ့သည်။
စကားမပြောဘဲကျောက်ရုပ်ကြီးလိုလူကြီး
ကိုသူပဲစကားစပြောရတော့သည်။

"ဘာ....ဖြစ်..တာလဲ...လူကြီး....မျက်ခုံးက...."

ဖျက်ခနဲကြည့်လာသောလူကြီးမျက်လုံးတွေ...။
တစ်ခါမှမကြည့်ဖူးတဲ့ ကြေကွဲမှုနဲ့ပြိုပျက်ခြင်းတွေ
စိတ်ပျက်ခြင်းနဲ့ဝမ်းနည်းခြင်းတွေနဲ့အငွေ့အသက်တွေ။

"ဘာမှမဖြစ်ဘူး...စကားမပြောဘဲ
တိတ်တိတ်လေးနေပေး.."

လှုပ်လှုပ်ရှားရှားမျက်တောင်ရှည်တွေတဖျက်ဖျက်
ခတ်သွားသည်။

"ကျွန်တော်ဒီလိုလုပ်လို့..လမ်းခွဲချင်လည်း
ရပါတယ် ဒါကခွင့်မလွှတ်သင့်တဲ့အမှားမှန်းလည်း
သိပါတယ်..လူကြီး ဘက်က ကြိုက်သလို
ဆုံးဖြတ်...."

"KimTaeHyung!!!!မင်းကိုငါပါးစပ်ပိတ်
လို့ပြောနေတယ်နော်....."

အကျီစကို ဆွဲဆောင့်ကာYoongi စိတ်မထိန်းနိုင်မိတော့
လန့်သွားကာ ချက်ချင်းနီမြန်းလာသောခပ်စူးစူး
မျက်အိမ်တွေ....။လှတာ..လှတာ ဆိုတာ..လေ
မထုံတတ်တေး အေးတိအေးစက်ပေမယ့်
စိတ်တ္တဇဆန်ဆန် မျက်ရည်ဝဲတာ
တောင်KimTaeHyung က သိပ်ဆန်းတယ်...။

Hoseokကပြောပြသင့်သလောက်ပြောပြပြီး
Jungkook နဲ့အကာအကွယ်ယူကာ
လုံးဝမရိပ်မိနိုင်စွာရွေ့သွားသောအကွက်တွေ။
သူဒီလောက်လည်ဝယ်တာတောင်KimTaeHyung က
သိပ်ကိုပိပိရိရိ....။

အစီအစဉ်တွေတောင်ချရပြီး
ကောင်းကင်ပြာလေးကသိပ်စွဲစွဲလန်းလန်း
အရူးအမူးဖြစ်နေတယ်လို့ ရုတ်တရက်ဆန်စွာ
သိလိုက်ရတဲ့အခါMinYoongi ပြောစရာ
စကားပင်လုံးဝမဲ့ခဲ့သည်။

မောင်Where stories live. Discover now