💔26💔(Part1)

Start from the beginning
                                    

"အချစ်မခံရလည်းရတယ်....ရကိုရတယ်
ငါ..."

"ငါ MinYoongiကို ဖုန်းဆက်လိုက်တယ်
ငါလိုအပ်မယ်ထင်လို့လေ....
ရိုက်ချင်လည်းရိုက် သတ်ချင်လည်းသတ်..."

"JungHoseok!!!!!!!"

ဥာဏ်မများချင်ပါပဲ...ဉာဏ်မများတတ်ပါပဲ
ဗီလိန်လေးဆိုပေမယ့် အကြံမအောင်မြင်လို့
ဆွေ့ဆွေ့ခုန်နေပုံကလည်း တမျိုးလေးချစ်စရာ။

အပြာရောင်ဆံပင်ရှုပ်ပွပွလေးတွေကို
ဆွဲဆုပ်ရင်း ဝယ်လာသောဖွယ်ဖွယ်ရာရာ
စားစရာတွေကို ကန်ကျောက်နေတဲ့သူ..။

"လက်လွှတ်မယ်ထင်လား...လုံးဝပဲနော်....
ငါလုံးဝပဲ....နောက်တစ်ခါမင်းအိမ်ကို
ခေါ်မလာတော့ဘူး...မင်းနဲ့ငါသေခန်းပြတ်ပဲ..."

"အစွဲမကြီးပါနဲ့ဆိုကွာ!!!!"

"ကြီးတယ်ကွာ...စွဲသင့်တဲ့အစွဲမလို့
ငါ ထိုက်ထိုက်တန်တန်ပဲ စွဲလန်းတယ်....."

"TaeHyung.!!!!"

ဝုန်းဝုန်းဒိုင်းဒိုင်းပြေးထွက်သွားသူကို
လှမ်းခေါ်သော်လည်းမရတော့...။
Hoseokသည် မျက်လုံးတွေမှိတ်ကာ
တော်တော်လေးပင်စိတ်ပင်ပန်းနေလှပြီ။

KimTaeHyungက ဆိုးဟန်မပြဘူး...
KimTaeHyungက လူဆိုးလေးဆိုတဲ့
ခေါင်းစဉ်မျိုးမတပ်လာဘူး....
ဒါပေမယ့် KimTaeHyungက ဆိုးတယ်....
သိပ်ကိုဆိုးခဲ့ပါတယ်...။

ပူထူစွာHoseokတိုက်ခန်းရဲ့လှေကားတွေ
အတိုင်းပြေးဆင်းပြီးတံခါးဆွဲဖွင့်လိုက်တဲ့အခါ
အသင့်ရောက်နေသော MinYoongi ၏မြင်နေကြကားမဲကြီး။

လွဲတာပေါ့....KimTaeHyungက ဖူးစာမြှားပေါ်
တက်ပြီး သခင့်ဘက် သခင့်ဘက်လို့
ကိုယ်တိုင် ဦးတည်ယူခဲ့တာတောင်မှ
လက်ချော်သွားတတ်သော အချစ်နတ်သည်
ထပ်ခါထပ်ခါ MinYoongi ပဲ....။

မလွဲဘူးအော်နေခဲ့တာ...သခင်နိုးလာရင်
ပြောပြဖို့စကားတွေစီပြီးဒီတံခါးကနေ
အတူတူထွက်ပြေးရမှာလို့ Plotချခဲ့ပေမယ့်
စာရေးသူတွေ ယာယီချထားတတ်သော
Plotလိုပဲ တကယ်ရေးချတဲ့အခါ...
ဆန့်ကျင့်ဘက်တွေ.....။

မောင်Where stories live. Discover now