အပိုင်း 2

Start from the beginning
                                    

ဒီမျှော့လေးအကြောင်းကို သိချင်ကြလား
ဒီလိုမျိုးတွေဖြစ်အောင် ကျွန်တော်အရင်ဘဝက ဘာတွေလုပ်ခဲ့မိမှန်းမသိဖူး
သူကသရဲလိုပဲ ကျွန်တော့်နောက်ကိုလိုက်နေတာ

ဒူရမ် အိမ်ပြန်ရောက်သွားတဲ့အခါမှာရင်နာနာနဲ့ပြောမိတယ်
ဒီနေ့လည်း ခက်ခက်ခဲခဲနဲ့အသက်ရှင်နိုင်ခဲ့တယ်

ပီနဲ့သူအကိုတို့ရဲ့ အခန်းလေးထဲမှာ နှစ်ထပ်အိပ်ကုတင်တစ်လုံးရယ် ဗီဒိုတစ်လုံးရယ် စာလုပ်တဲ့စာပွဲတစ်လုံးရယ်ကိုမျှသုံးကြတယ်
ပီက စာလုပ်တဲ့စားပွဲလေးကိုအပိုင်စီးထားနိုင်တယ်
ဘာလို့လဲဆိုတော့ ဒူရမ်စာလုပ်တာတစ်ခါမှမတွေ့ဖူးပြီးတော့ စာကြည့်စားပွဲနားကိုယောင်လို့တောင်မလာဖူး
ဒူရမ်က ပီအခန်းထဲကိုမှုန်မှိုင်းစွာနဲ့ဝင်လာတာကို တွေ့လိုက်တယ်
'' ဟေး ပီ မင်းဘာဖြစ်လာတာလဲ ''
'' ဘာမှမဖြစ်ပါဖူး ''
'' မင်းကိုကြည့်ရတာ ချီးပါချင်နေသလိုပဲ ''
'' ဘာမှမဖြစ်ဖူး တစ်ယောက်တည်းနေချင်လို့ ''
'' မင်းငါ့ကိုပြောမှာလား မပြောဖူးလား ''
'' ဘာမှမဖြစ်ပါဖူး ကိုလေးရာ ကျွန်တော်တစ်ယောက်တည်းနေချင်လို့ '' ပြောရင်းနဲ့ပီက အိပ်ယာပေါ်တတ်လှဲလိုက်တယ်
'' မပြောရင် ငါမင်းမျက်နှာပေါ်ချီးတတ်ပါမှာနော် '' ဒူရမ်ကပီမျက်နှာနားကိုသွားပြီးပြောတော့ပီလည်းအမြန်ဖြေတယ်
'' ပြောပါ့မယ်........ ပြောမယ်....... ပြောမယ်........ ''
'' အိုကေ ''
'' ကိုလေးတစ်ယောက်ယောက်ကိုကြိတ်ပြီးတော့ သဘောကျဖူးလား ''
''သဘောကျဖူးတာပေါ့ နေတိုင်းပဲ ငါတို့ကျောင်းကကောင်မလေးတွေကအရမ်းချစ်ဖို့ကောင်းတာပဲကို ''
'' ပြီးတော့ သူတို့မှာချစ်သူရှိ မရှိ ကိုလေးဘယ်လိုသိမလဲ ''
''မင်းမှာပါးစပ်ပါတယ်လေ မေးလိုက်ပေါ့ကွာ သွားဆေးကျောင်းသားဖြစ်ပြီးဘာလို့ဒီလောက်တုံးရတာလဲ ''
'' သွားဆေးကျောင်းသားနဲ့ ဘာဆိုင်လို့လဲ ဒါပေမယ့်လည်းဟုတ်ပါတယ် မမေးရင်ဘယ်သူကသိမှာလဲ ဒါပေမယ့်မေးလိုက်ရင်လည်းငါကြိုက်နေတာသူသိသွားမှာ ''
'' ဒါကလွယ်ပါတယ် မင်းသူငယ်ချင်းကသိချင်တာလို့ပြောလိုက်ပေါ့ ''
'' ငါ့မှာသူငယ်ချင်းမှာမရှိတာ ''
'' သနားစရာကောင်းလိုက်တဲ့ ညီလေးပဲ ''
ငါမင်းကိုပွင့်ပွင့်လင်းလင်းပြောမယ် အဲ့တာကမင်းကိုဆိုးဆိုးဝါးဝါးခံစားသွားရစေနိုင်တယ်
မင်းကိုယ်မင်းကြည့်လိုက် မျက်မှန်ကလည်းအထူကြီး ဆံပင်ကလည်းရှုပ်ပွပွနဲ့ စကားကိုလည်းရှင်းရှင်းမပြောဖူး အဝတ်အစားဝတ်ရင်လည်းမသပ်မရပ်နဲ့ လူတွေကကြည့်ကောင်းတဲ့သူကိုပဲကြိုက်ကြတာ မင်းကိုယ်မင်းပြောင်းလဲဖို့ဘယ်တော့မှမစဥ်းစားဖူးဆိုရင် မင်းကိုသူများကကြိုက်လာဖို့မမျှော်လင့်နဲ့ ညီလေး......''
'' ဒါပေမယ့် ကိုလေး လူတစ်ယောက်ကိုသဘောကျမိရင်သူ့ရဲ့ပကတိပုံစံကို သဘောကျမှာပဲလေ ''
'' သိပ်ပြီးအကောင်းမမြင်နေနဲ့ညီလေး မင်းတောင်မှကြည့်ကောင်းပြီးချောတဲ့သူတွေကိုပဲ သဘောကျတာပဲလေအဲ့တာကိုပထမဆုံးအမြင် (first impression)လို့ခေါ်တယ်ကွ ''
'' ငါမငြင်းနိုင်တော့ဖူးကိုလေး မင်းတစ်ယောက်ယောက်ကိုချစ်မိတဲ့အခါ သူ့ဆီကအလိမ်အညာတွေကိုပါချစ်မိမှာပဲလေ ''
''နောက်ကျရင် မင်းသိလာလိမ့်မယ်ညီလေး ငါအခုပြောတာတွေကိုမင်းနားထောင်မှာမှမဟုတ်တာ'' ဒူရမ်ကပြောပြီးတော့ အိပ်ဖို့အတွက်ကုတင်အပေါ်ထပ်ကိုတက်သွားခဲ့တယ်

Fish Upon the SkyWhere stories live. Discover now