ပိုးသတ်ခန်းထဲက ကုတင်ပေါ်မှာ ဆေးပိုက်များစွာတက်ထားတဲ့ ဂျေး မြတ်နိုးရတဲ့ ကောင်လေးက လှပစွာ အိပ်မောကျနေသယောင်။
ဂျယ်ယွန်းနားကို တစ်လှမ်းချင်း တိူးသွားတိုင်း မျက်ရည်တွေမှာ မထိန်းနိုင်ဘဲ ကျမိသည်။
ကုတင်ဘေးက ထိုင်ခုံလေးမှာ ဝင်ထိုင်လိုက်ပြီး ဂျယ်ယွန်းရဲ့ လက်ကလေး ကို စုပ်ကိုင်ထားလိုက်သည်။
အရင်ကလို ယွန်းက သူ့က်ု လှည့်မကြည့်ေတာ့ဘူး။ ယွန်း.....အိပ်ပျော်နေတယ်။
ယွန်းရဲ့ လက်တွေကို စုပ်ကိုင်ရင်း မျက်ရည်တွေကြားထဲ အိပ်ပျော်သွားသည်။
_________
_____
ဂျေး... ဂျေး.... ဂျေး....
သူ့နာမည်ကို ခေါ်နေသည်။ အဲ့ဒီ့အသံ အဲ့ဒီအသံက ယွန်းရဲ့ အသံ သေချာသည် မဟုတ်ဘူး တကယ့် အစစ် ယွန်းရဲ့ အသံ
ဂျေး..... ဂျေး...... ဂျေး......
ခေါ်သံ!! ခေါ်သံကို ကြားပြီး လူကိုမတွေ့ဘူး ဘေးပတ်ပတ်လည်ကို ကြည့်လိုက်တော့လည်း အဖြူရောင်နံရံကြီးကလွဲ ဘာမှမရှိ။
မဟုတ်မှလွဲရော အိမ်မက်ထဲမှာလား?
" ယွန်း... ယွန်း.. ဘယ်မှာလဲ "
အသံကုန် ဟစ်ပြီး အော်ခေါ်လိုက်ပေမယ့် ပြန်ဖြေလာသည့် အသံကို မကြား
ဘယ်နေရာကို သွားလို့သွားရမှန်းမသိ အဖြူရောင် နံရံကြားထဲ ဂျေး ပိတ်မိနေသည်။
" ဦးဦး "
အသံကြားရာကို ငုံကြည့်လိုက်တော့ အဖြူရောင် အကျီ ဝမ်းဆက်လေးကို ဝတ်ထားတဲ့ ကလေးလေးတစ်ယောက် က ဂျေးရဲ့ ဘောင်းဘီစကို ဆွဲနေသည်။
" ဦးဦး ငိုနေတာလား " လို့မေးလာသည့် ဘယ်ကမှန်းမသိ ရောက်လာတဲ့ ကလေးကို ကြောင်ကြည့်နေပြီး ပြန်မဖြေမိ။
" ဦးဦး မကြောက်ပါနဲ့ သားသား ဒီနံရံကြီးတွေ ကြားထဲက ထွက်နိုင်အောင် လုပ်ပေးပါ့မယ် "
ဂျေး.... ဂျေး.... ဂျေး
ကလေးလေးရဲ့ စကားအဆူံး ယွန်းရဲ့ ခေါ်သံကို ကြားရပြန်သည်။
~ 19 ~ [ Final ]
Start from the beginning