~ 16 ~

805 90 11
                                    

" အဒေါ်ကြီး ဆောနူ ဘယ်မှာလဲ "

စကားကို မာမာပြောလာသည့် ဂျယ်ယွန်းက စိတ်တိုနေပုံပေါ်သည်။

ဒီတစ်ခါလည်းရင်ဖြစ်ကြအုန်းမယ်ထင်တယ်။ တကယ်ဆို တားချင်မိတယ်။

" သခင်လေးက ကုမ္ပဏီမှာပါ "

အဒေါ်ကြီးရဲ့ စကားအဆူံး ချက်ချင်းဘဲ ဆောနူရှိရာ ကုမ္ပဏီကို ချက်ချငိးထွက်လာခဲ့သည်။

သူဒီကိစ္စကို မေးဖို့လိုနေပြီ။!!

ဘာကြောင့်လဲ။ ဘာအတွက်ကြောင့်လဲ။ သိမ်းယူပြီးမှ ဘာကိစ္စ ပြန်လွတ်ပေးနေခဲ့တာလဲ?

ကုမ္ပဏီရောက်တာနဲ့ ချက်ချင်း ဆောနူရှိရာ အခန်းကို သွားသည်။

ကုမ္ပဏီကို ဝင်တော့ တွေ့သမျှ ဝန်ထမ်းတွေက အကုန်နှုတ်ဆက်ကြသည်။ ဒါပေမယ့် ဂျယ်ယွန်း ဒါတွေကို ဂရုမစိုက်နိုင်။

ဆောနူရဲ့ရုံးခန်းရှေ့ရောက်ပြန်တော့လည်း အတွင်းရေးမှူးကတားသည်။ အရေးကြီး အစည်းအဝေးလုပ်နေလိူ့ ဝင်လို့မရပါဘူးတဲ့။

အစည်းအဝေး ရုံးခန်းမှာလေ??

စေ့စပ်သေချာတဲ့ ဆောနူက ဘယ်တော့မှ ရုံးခနိးမှာ ပြီးစလွယ် အစည်းအဝေးကို လုပ်မယ့်သူတစ်ယောက်မဟုတိတယသိသည်။

ဆောနူသူ့ကို လိမ်နေတာ။ ဘာတွေကို ဖူံးကွယ်ချင်‌နေတာလဲ။

အတွင်းရေးမှူးရဲ့ စကားကို လျစ်လျူရှုကာ အခန်းထဲ ဝင်လိုက်တော့သည်။

အခန်းထဲမှာတော့ ဂင်ယူနာဆိုသည့် မိန်းမယုတ်နဲ့ ဆောနူနဲ့က ကိစ္စတစ်ခုခုကို အငြင်းအခုန်ဖြစ်နေပုံပေါ်သည်။

" ဆောနူ အကိုပြောစရာရှိတယ် "

ဆောနူကတော့ အမူအရာမပြတ် " ဟုတ်ကဲ့ ခဏနေလိုက်လာခဲ့ပါမယ်" ဆိုပြီးဘဲ ပြောသည်။

သူကိုယ်တိုင်လည်း ဆောနူကို ဖိအားမပေးချင်တာကြောင့် အခန်းထဲက ထွက်လာလိုက်သည်။






အချိန်အတော်ကြာတဲ့အထိ ထွက်မလာသေးတာ ဘာတွေများ လုပ်နေကြလို့လဲ? အရင်က ဂင်ယူနာတို့ ကုမ္ပဏီနဲ့ အဆက်အသွယ်သိပ်မရှိတာ အခုကြမှ ဘာလို့ သည်းကြီးမဲကြီး အစည်းအဝေးလုပ်‌နေရတာလဲ။

Love is you | DOUBLE JWhere stories live. Discover now