~7~

857 99 9
                                    

တစ်ညတာကို ဘယ်လို ကုန်ဆုံးမိမှန်းကို မသိ နိုးထလာခဲ့တဲ့ မနက်ခင်းက နည်းနည်းတော့ ကြည်နူးစရာကောင်းသည်။

" ယွန်းလေး ဒီနေ့ စာမေးပွဲရှိတယ် မဟုတ်လား ထတော့လေ မနက်စာပြင်ပေးထားတာ ရေမိုးချိုးပြီး လာစားတော့ "

စာမေးပွဲဖြေရမှာကို သိပေမယ့် တကယ် မထချင်သေးတာနဲ့ Jay ရဲ့ စကားကို မကြားချင်ယောင်ဆောင်ကာ စောင်ကို ခေါင်းမှူးခြုံလျက် ပြန်အိပ်နေတော့သည်။

ခဏကြာ အခန်းထဲကို လာတဲ့ ခြေသံတစ်ချို့ကို ကြားလိုက်သည်။ ထင်တာမမှားဖူးဆို Jay ဘဲ ဖြစ်မယ်။ ထို့နောက် စောင်စကို လာဆွဲလာပြီး စောင်နှင့်အတူ ပတ်လျက် သူ့ကို ကောက်ပွေ့လိုက်သည့် Jay

ပုံစံက ကလေးသေးသေးလေးတွေကို အနှီးဖြင့် ပတ်ထားသလို ပုံစံမျိုး။ ‌ဒီလို ကောက်ပွေ့တာတောင် မျက်လုံးက မပွင့်ဖြစ်နေသည့် Jaeyun ကို ရေချိုးခန်းထဲ ခေါ်သွားပြီး ရေဇလုံထဲ ချပေးလိုက်တော့ အနည်းငယ် လှုပ်ရှားလာသည့် သူငယ်အိမ်။
ထို့နောက် ရေချိုးဖို့အတွက် အကျီချွတ်ဖို့ လိုသည်မဟုတ်လား။ အကျီချွတ်ပေးဖို့ အကျီ စပြီး လှမ်းကိုင်တော့ ထိုကောင်လေးက ရုန်းသည်။

" ဘာလုပ်တာလဲ "

" ရေချိုးပေးမလို့လေ "

" ကျွန်တော့ ဘာသာ ကျွန်တော် ချိုးပါ့မယ် အပြင်သာ မြန်မြန် ထွက်ပေး "

" မရဘူး ကိုယ် ချိုးပေးချင်လို့ "

Jay ရဲ့ စကားကြောင့် မျက်နှာတွေတစ်ခုလုံး နီရဲတက်သွားသည့် Jaeyun ။ ဒီထက် ပိုစနေရင် သူ့ကို စိတ်ဆိုးတော့မယ် ဆိုတာ သိတာကြောင့် နီနီရဲရဲ ဖောင်းဖောင်းအိအိ ပါးပြင်လေးက်ု တစ်ချက် နမ်းကာ အပြင်ကို ထွက်လာလိုက်သည်။

" အွန်းပါ မြန်မြန်ချိုးပြီး ဆင်းလာခဲ့ ဒီက မောင့်စကားကို ဟောဒီက ကိုကိုက နားထောင်ရမှာပေါ့ "

ပြည်တည်တည်ပြောနေတဲ့ Jay ကို ဘေးနားမှာရှိသည့် ဆပ်ပြာ ခွက်နဲ့ ပေါက်လိုက်မိသည်။ ထိတော့ထိမသွားပါဘူး ဒီလူက သွက်တာကို။

ဒီလိုတွေ သွက်လို့ဘဲ သူ့ရဲ့နှလူံးသားလေးထဲက အနက်ရှိုင်းဆုံးနေရာကို အရယူနိုင်ခဲ့တာ မဟုတ်လား။


Love is you | DOUBLE JWhere stories live. Discover now