ခွဲစိတ်ခန်း အပြင်မှာ စောင့်နေရတာ
တစ်နာရီ....
နှစိနာရီ ......
သုံးနာရီ ......
လေးနာရီ......
ငါးနာရီ........
ခြောက်နာရီကြာတဲ့ အထိ ဆရာဝန်တွေထွက်မလာကြသေး။
တကယ်ဆို ထွက်လာသင့်ပြီ မဟုတ်လား။ နှစ်ယောက်ဆို တစ်ယောက်လောက်တော့ ခွဲစိတ်မှု ပြီးသင့်နေပြီ မဟူတိလား။
ခဏကြာတော့ ခွဲစိတ်ခန်းထဲကနေ ဆရာဝန်တွေ ပြေးထွက်သွားသည်။ သူတို့ပုံကြည့်ရတာ တစ်ခုခုကို အရေးကြီးနေသလို
စိတ်ပူသည်။ အရမ်းစိတ်ပူသည်။ အတွေးတွေစုံပြီး မွန်းကြပ်နေပြီ အမြန်ဆုံး ပြန်ထွက်လာပေးပါ ဘာမှမဖြစ်ဘဲ ပြန်ထွက်လာပေးပါ ကျေးဇူးပြုပြီး။
စိတ်ထဲကနေ ဘာမှမဖြစ်ရဘူး ဆိုတဲ့ စကားလူံးကိုသာ ထပ်ခါထပ်ခါ ရွတ်နေမိသည်။
ခွဲစိတ်ခန်းရှေ့မှာ စောင့်နေတာ
ဆယ်နာရီ ရှိပြီ။အခြေအနေ ဘယ်လိုရှိလဲ ဆိုတာကို လုံးဝ မသိရသေး။
ဂျေးရဲ့ စိတ်တွေ ဆိူးရိမ်နေတာထက်ပိုနေတယ်ဆိုတာ သိသာသည်။
ခဏကြာတော့ ဆရာဝန်တွေဟာ ထွက်လာခဲ့သည်။
မျှော်လင့်တစ်ကြီး မေးလိုက်တော့ ဆရာဝန်ရဲ့ မျက်နှာက လုံးဝမကောင်း။
" ကလေးကိုတော့ မကယ်နိုင်လိုက်လို့ တောင်းပန်ပါတယ် ပြီးတော့ ကောင်လေးကလည်း ခွဲစိတ်ပြီးပြီဆိုပေမယ့် အချိန်မရွေးး အသက်ဆူံးရှုံးသွားနိုင်ပါတယ် ဒီလောက်ဘဲ ပြောပြနိုင်တာကြောင့် ခွင့်ပြုပါအုန်း "
ဆရာဝန်ရဲ့ စကားကို ကြားပြီး အားလူံး ထိန့်လန့်သွားကြပြီး
ဂင်ယူနာရဲ့ အမေနဲ့ ဂျယ်ယွန်း အမေကလည်း ထိုစကားကြားကြားချင်း သတိမေ့သွားခဲ့သည်။ဂျေးကိုယ်တိုင်လည်း လုံးဝ မရပ်တည်နိုင်တော့ဘူး။ ဘာဖြစ်လို့ ကံကြမ္မယကြီးက ဂျယ်ယွန်းကိုမှ လဲ ဘာလို့ ဂျယ်ယွန်းကိုဘဲ နှိမ်စက်နေရတာလဲ။
ပိုးသတ်ခန်းထဲ ရှိနေသည့် ဂျယ်ယွန်းကို သွားတွေ့ဖို့ ဝတ်စုံကို ဝတ်လိုက်သည်။
~ 19 ~ [ Final ]
Start from the beginning