အပိုင်း 1 ပြောင်းလဲမှု

Start from the beginning
                                    

ဒီအဖြစ်အပျက်တွေက ကျွန်တော်ကိုပြောင်းလဲသွားစေခဲ့တယ်
သူတို့ပြုံးပြရင်တောင် တကယ်ပြုံးပြတာဟုတ်ရဲ့လားလို့ တွေးနေမိတဲ့အထိပဲ
တကယ်တော့ ကျွန်တော် အခြားသူတွေစီက အချစ်တွေ အားပေးမှုတွေလိုချင်တာတောင်မှ ကျွန်တော်ရဲ့ခံစားချက်အမှန်တွေကို ထုတ်ပြဖို့ကြောက်နေခဲ့တယ်

ကျွန်တော်အိမ်ပြန်ခါနီးကျတော့ မိုးတွေရွာလာခဲ့တယ်
'' ရူးနေလို့ ဖေဖော်ဝါရီလကြီးထဲ မိုးရွာနေတာလား အကုန်ရူးကုန်တော့မှာပဲ အခုအချိန် ထီးကဘယ်နားကနေသွားယူရမှာလဲ ''
ကျွန်တော့်ဘေးနားကိုကြည့်လိုက်တော့ အတွဲတွေက ထီးကိုနှစ်ယောက်ဆောင်းပြီးတော့ အိမ်ပြန်နေကြတယ်
လာပြန်ပြီ နောက်တစ်တွဲ အချစ်နွံထဲမှာနစ်နေတဲ့သူတွေပေါ့
လှေခါးပေါ်ကတွန်းချပစ်လိုက်ချင်တယ်
နေလည်းပူနေသေးတာပဲ ခနနေမိုးတိတ်သွားမှာပါ

တစ်နာရီကြာပြီးနောက်

'' ဘောပဲ ''
ကျွန်တော်ရေရွတ်ပြီးတော့ မိုးရွာထဲကိုထွက်ဖို့ပြင်လိုက်တယ်
'' ဟေး မိုးရေထဲမထွက်နဲ့လေ ''
အသံတစ်ခုကိုကြားတော့ ကျွန်တော်လှည့်ကြည့်လိုက်မိတယ်
'' နေမကောင်းဖြစ်လိမ့်မယ် ''
သူထပ်ပြောတယ် သူ့အသံက ကျွန်တော့အတွက်တော့ ရုပ်ရှင်အနှေးကွက်နဲ့ပြနေသလိုပဲ
သူ့ဘေးပတ်လည်မှာတောက်ပတဲ့အရောင်တွေကိုမြင်နေရတယ်
ချစ်သူများနေ့ အထိမ်းအမှတ်ဖြစ်တဲ့ အသည်းပုံတွေကလည်း သူ့ကအကျီမှာ ပလူကိုပျံလို့
ရုပ်ရည်ကလည်းကြည့်ကောင်းနေပြီးတော့ ကြည့်လိုက်တာနဲ့ ပေါ်ပြူလာဖြစ်မယ်ဆိုတာသိသာနေတယ်

''အိမ်ပြန်မလို့မဟုတ်လားဘတ်စ်ကားမှတ်တိုင်အထိလိုက်ပို့ပေးမယ်လေ ''

သဘောကလည်းကောင်းလိုက်တာ

'' တကယ်တော့ ကျွန်တော်.......ဟို....... ''

'' ဟေး လာပါကွ ''
သူကပြောရင်းနဲ့ သူ့ထီးအောက်ကိုရောက်အောင်ကျွန်တော့ကိုဆွဲလိုက်တော့ကျွန်တော်တို့ အသားချင်းထိကပ်သွားတယ် ဘာမှန်းမသိတဲ့ခံစားချက်အချို့က ကျွန်တော့ဆီမှာဖြတ်ပြေးသွားတယ်

ဘတ်စ်ကားမှတ်တိုင်ဆီကိုရောက်တော့ကျွန်တော်စကားစပြောကြည့်ဖို့ကြိုးစားတယ်
ဒါပေမယ့် ကျွန်တော့စကားတွေကထစ်ငေါ့နေခဲ့တယ်
'' ငါ.....ငါ.....ကျေးဇူး ပါနော်''

Fish Upon the SkyWhere stories live. Discover now