အပိုင်း(၂၉)-(၂) အချိန်တန်တယ်ဆိုတာ မရှိဘူး

Start from the beginning
                                    

Seulgi က သူမကို အပြာရောင် လက်စွပ်ဘူးလေး ပြလိုက်ကာ ဖွင့်ပြလိုက်၏။

"ဝိုး အရမ်းလှတာပဲ" အပြာရောင် စိန်လေးကို ကြည့်ရင်း Lisa ပြုံးလိုက်၏။

"ပြောသားပဲ" Seulgi လက်စွပ်ကို နေရာတကျပြန်ထားလိုက်၏။

"ဘယ်အချိန်လုပ်မှာလဲ"

"ငါလည်း မသိဘူး။ ငါမှာ သတ္တိရှိလာတဲ့နေ့ပေါ့။ ထင်တာပဲ"

"ငကြောက်" Lisa သူမကို လှောင်တော့ ခေါင်းနောက်ကို တစ်ချက် ဖြတ်ရိုက်တာခံလိုက်ရ၏။

"ရား"

"နင် အဲ့လို ပြောနိုင်တာပေါ့။ နင်မှာ Jennie ဆီကနေ ဖုံးကွယ်ပြီး သိမ်းထားဖို့လိုတဲ့ လက်စွပ်မှ မရှိတာ" Seulgi သူမကို ပြန်ပတ်သည်။ "ငါ ဘာလို့ စိတ်လွင့်နေတာလဲလို့ မေးလာတိုင်း လိမ်‌နေရတာ ပင်ပန်းလာတယ်ဟာ။ ငါ ပြီးပြည့်စုံတဲ့ လက်ထပ်ခွင့်တောင်းတဲ့ပုံစံဖြစ်ချင်တာ ဒါပေမယ့် ငါ ဘာမှကို တွေးမရဘူး။ ငါ ဒီအတိုင်း မေးခွန်းမေးလိုက်ပြီး လက်ထပ်လိုက်ချင်တယ်"

"ငါမှာ မရှိဘူးလို့ ဘယ်သူပြောလဲ"

"အို"

                        ******

ဒေါက် မြင့်ဖိနပ်သံက သူမဆီ ဦးတည်လာတာ ကြားလိုက်ရတော့ သူမ ‌ဖုန်းကနေ မော့ကြည့်လိုက်၏။ သူမ ပြုံးလိုက်ကာ ထိုင်ခုံကနေ ထလိုက်ပြီး သူမရဲ့ အသက်ကြီးအမျိုးသမီးကို ဖက်လိုက်၏။

"Jennie ဘယ်မှာလဲ" အမျိုးသမီးကြီးက မေးသည်။

Lisa မျက်ခုံးကြုပ်လိုက်ပြီး ကိုယ့်မျက်နှာ ကိုယ်ပြန်ရိုက်လိုက်၏။ "တွေ့ရတာဝမ်းသာပါတယ် ငါ့ချစ်မိခင်ကြီးရယ်" သူမ ရွဲ့ပြီး ပြောလိုက်၏။

*ဟယ်လိုပါ ဖေ့ပါးဖောင်းဖောင်းလေးရေ" သူမ အဖေက သူမရဲ့ ဘယ်ဘက်နှဖူးကို နမ်းလိုက်၏။

"ဟိုင်း သမီးလေး။ အခု Jennie ဘယ်မှာလဲ" သူမအမေကလည်း ညာဘက်နှဖူးကို နမ်းလာ၏။

"သူ တရားခွင်မှာ။ သူ့ကို ဘာလို့မေးနေကြတာလဲ" သူတို့ ထိုင်လိုက်ကြ၏။

"သူက ငါကို အပတ်တိုင်း ဖုန်းခေါ်တဲ့ သမီးလေးလေ။ Jennie ဖုန်းမခေါ်ရင် ဖုန်းဆက်ဖို့ သတိမရတဲ့ ငါ့ရဲ့တခြားသမီးနဲ့မတူဘူး" သူမ ပြော၏။ "အခု ငါ့ရဲ့အလုပ်များတဲ့သမီးလေး ‌လာတွေ့ရလောက်တဲ့အထိ အမေတို့ ဘာလိုများ ကံကောင်းနေပါလိမ့်" Lisa အမေက လက်ပိုက်လိုက်ကာ သူကို ကြောက်စရာ အကြည့်နဲ့ ကြည့်လာ၏။

Home (MM Translation)Where stories live. Discover now