အပိုင်း(၁၄)-ခဏတာ ငြိမ်းချမ်းမှုလေး

1.6K 154 2
                                    


ပျင်းပျင်းရိရိနဲ့ သူမ မျက်လုံးကို ဖွင့်လိုက်သည်။ အန်ချင်တဲ့စိတ်တော့ မရှိတော့ပေမယ့် ခေါင်းကတော့ မူးဝေပြီး ချာချာလည်နေတုန်းပင်ဖြစ်၏။ သူမ အိပ်မက် ထဲမှာလား တကယ့်အပြင်မှာလား ဖြစ်ပျက်သွားတာတွေကို မေ့သွားသည်။ သေချာတာ တစ်ခုကတော့ သူမ ထိုမိန်းကလေးရဲ့ မျက်နှာကို မြင်လိုက်ပြီး သူမရဲ့အသံကိုပါ ကြားလိုက်ရသည်။ သို့ပေမယ့် ဘယ်မှာ လဲဆိုတာတော့ မပြောနိုင်ပေ။

သူမ မျက်ခွံက အရမ်းလေးလံလာပေမယ့် မတက်နိုင်ဘဲ မျက်စိဖွင့်နိုင်အောင် ကြိုးစားနေရသည်။ တိတ်ဆိတ်နေတဲ့ အခြေအနေက သူမနားကို တစ်ယောက်ယောက်လာနေတဲ့ခြေသံ ကြားရအောင် လုပ်ပေး၏။ သူမ တစ်ယောက်ယောက်နဲ့ အတူတူ ရှိနေတာလား။ 

တံခါးဖွင့်သံကြားလိုက်ရပေမယ့် သူမ ငြီးသံက လွဲလို့ တခြားအသံ မထွက်နိုင်ပေ။ တစ်ယောက်ယောက်ကို အော်ခေါ်နိုင်ဖို့ ဆိုတာ ခက်ခဲလေသည်။ တကယ့်လို့ ဓားပြသာ ဖြစ်ခဲ့မယ်ဆိုရင် သူမမှာ ရှိသမျှကို ယူသွားခွင့်ပြုလိုက်တော့မည်။ သူတို့သာ သူမကို သတ်သွားရင်လည်း ဆိုးတာတော့ မဟုတ်ပေ။ သူမ နောင်မှာ ဆိုးရွားတဲ့ နာကျင်မှုတွေကို မခံစားချင်သောကြောင့် ဖြစ်သည်။

"Lisa နင် နိုးနေပြီလား" ရင်းနှီးနေတဲ့ အသံကို ကြားလိုက်ရတာက သူမကို အော်ချင်စေသည်။ စိတ်မကောင်းစရာက သူမ ခေါင်းက သူမကို အော်ခွင့်မပေးပေ။ "ပြန်အိပ်လိုက်‌ေနာ်။ နင် နိုးတဲ့အချိန် ငါ ရှိနေမယ်" သူမ နှဖူးမှာ ပူလောင်နေတဲ့ အထိအ‌ေတွ့ကို ခံစားရသည်။ အဲ့အပူရှိန်က သူမရဲ့ မျက်ခုံးကို အသာထိ‌တွေ့နှိပ်နယ်မှုနဲ့အတူတူ တဖြည်းဖြည်း လျော့ပါးသွား၏။

အဲ့တာက သူမကို တစ်နည်းနည်းနဲ့ စိတ်တည်ငြိမ်အောင်လုပ်ပေး‌တယ်ဆိုတာ ဝန်ခံရမှာကိုတော့ မုန်းမိ၏။

                 ****

"ဘာလဲ"

"ဖွင့်ကြည့်လေ"

"ဒါ...ဒါကို ဘယ်က ရလာတာလဲ"

"ငါ သူငယ်ချင်းတစ်ယောက်က ဓာတ်ပုံရိုက်ရတာကြိုက်တာမှတ်မိလား"

"ဆံပင်ကောက်နဲ့တစ်ယောက်လား"

"သူ ငါ့‌ကိုပေးလိုက်တာ။ သူထက် ငါက ဒါကိုပိုကြိုက်မယ်လို့ပြောတာပဲ"

Home (MM Translation)Where stories live. Discover now