အပိုင်း(၂၈)-(၁) နင်မရှိဘဲ မနေနိုင်လောက်ဘူး

1.5K 144 14
                                    

[Unicode]

အပိုင်း(၂၈)-(၁) နင်မရှိဘဲ မနေနိုင်လောက်ဘူး

သူမ မငိုနိုင်ပါ။ သူမ နာကျင်နေပေမယ့် ငိုဖို့ အင်အားမကျန်တော့ပေ။ သူမ ခေါင်းက မူးဝေနေပြီး သူမနားထဲက မြည်သံက မရပ်သွားပေ။

နာကျင်ရသည်။ တကယ့်ကို ဆိုးဆိုးရွားရွားနဲ့ကိုနာကျင်ရ၏။

Lisa ကတော့ မတူပါဘူးလို့ တွေးခဲ့ဖူးပြီး သူမတို့ကြားမှာ ရှိတာက စစ်မှန်သလို ဘယ်လိုပဲဖြစ်နေပါစေ သူမကို Lisa ချစ်‌နေမှာပါလို့ တွေးဖူးသည်။

ငါ မှားသွားတာလား ဟမ်။

Jennie သူမကိုယ်သူမ အာရုံပြန်စိုက်လိုက်ကာ အောက်စီဂျင်ကို အဆုတ်ထဲထိရောက်အောင် ရှူသွင်း ရှူထုတ်လုပ်ပြီး တည်ငြိမ်အောင် ကြိုးစားလိုက်၏။ "ဒါဆိုလည်း ထားလိုက်ပါတော့" သူမကိုယ်သူမ အားပေးလိုက်သည်။ သူမရဲ့ ဆိုးရွားတဲ့အတိတ်ကြောင့် ဒီလို အပြစ်ခံရတာက ပထမဆုံးအကြိမ် မဟုတ်တဲ့အတွက် သူမ အကျင့်သားရနေပြီဖြစ်သည်။ သူမ အကျင့်သားရမှကို ဖြစ်မည်။

သူမမှာ ကျန်သမျှ အင်အားနဲ့ သူမပစ္စည်းတွေကို သိမ်းစည်းလိုက်သည်။

သူမ စိတ်ကူးထဲမှာ အရမ်းနစ်မြှပ်သွားပြီး Lisa နဲ့ ရှိခဲ့တဲ့ အခိုက်အတန့်မှန်သမျှကို ပြန်ပုံဖော်ကြည့်လိုက်သည်။ အဆိုးအကောင်းတွေ အမှတ်တရတွေ မှန်သမျှပေါ့။ သူမ နောင်တမရပါ။ သူမ ဒီ‌မှာနေခဲ့ရတဲ့ အချိန်တစ်စက္ကန့်တောင်မှ နောင်တမရနေပါ။

ဒီလို ဖြစ်လာနိုင်မယ်ဆိုတာ သူမ သိထားသင့်၏။ အရင်တစ်‌ခေါက်တုန်းက ဟို Oppa နဲ့ ဖြစ်ခဲ့တဲ့ကိစ္စမှာ Lisa တုံ့ပြန်မှုက အရမ်း ဆိုးရွားခဲ့သည်။ အထင်လွဲသွားတာ ဆိုပေမယ့် Lisa ပျောက်သွား၏။ သူတို့ ဆေးရုံမှာ ရက်အနည်းငယ်လောက် ပြန်တွေ့တယ်ဆိုတော့ လုံးဝပျောက်သွားတာ မဟုတ်ပေမယ့် ဘာဆိုဘာမှ ဆက်သွယ်လာတာမျိုး မရှိဘူးမလား။

အဲ့လိုဆိုမှတော့ သူမ ဘာကို မျှော်လင့်နေခဲ့တာလဲ။ သူမ အတိတ်က ဆိုးရွားလွန်းသလို သူမကိုယ်တိုင်ကလည်း ဆိုးရွားတဲ့ လူပင်။ ပြီးတော့ အခု Lisa ကို ဆုံးရှုံးလိုက်ရပြီဆိုတာ သူမလက်ခံထားရ‌တော့မည်။ အစအားလုံးမှာ အဆုံးဆိုတာ ရှိ၏။ သူတို့ရဲ့ relationship ကရော မပါဝင်ရအောင် ဘာတွေထူးခြားနေလို့လဲ။ တစ်နေ့တော့ သူမ ရှေ့ဆက်‌လျှောက်သွားနိုင်ပြီး သူမ ပြန်လှည့်ကြည့်တဲ့အခါ တန်ဖိုးအကြီးမားဆုံးသင်ခန်းစာ သေချာပေါက် ဖြစ်လာလိမ့်မည်။

Home (MM Translation)Where stories live. Discover now