Chapter(292) - လင်မိသားစုရဲ့စည်းမျဉ်းအသစ်

Start from the beginning
                                    

"ငါ အခြေတည်အဆင့် ဒုတိယအလွှာကို ဖြတ်ကျော်နိုင်သွားပြီ"

ယန်ထျန်းဟန်ရဲ့ မျက်လုံးများက တောက်ပသွားပြီး ပြုံးလိုက်လေသည်။

"အကိုကျန်ထျန်းက တကယ့်ကို ပြင်းထန်တာပဲ!"

လင်ကျန်ထျန်းက ပုံမှန်ဆိုရင် လေးနက်တည်ကြည်ပြီး အပြုံးအရယ် မရှိသော်လည်း ဒီတစ်ခေါက်တော့ သူ့ပုံစံက အတော်လေး လျော့ရဲလာသလိုပင်။

"သခင်လေးနဲ့ အားဟန်ရဲ့ ကျေးဇူးကြောင့်ပါပဲ"

လင်ရွှမ်းဇီက လူအနည်းငယ်အား မေးခွန်းတစ်ချို့ ပိုမေးလိုက်ပြီးနောက် သူတို့ကျင့်ကြံဆင့်များသည်လည်း အတော်လေး တိုးတက်လာတာကို သိလိုက်ရတာကြောင့် စိတ်သက်သာရာ ရသွားရသည်။

လင်ရွှမ်းဇီက ပြောသည်။

"နောက်ရက်အနည်းငယ်အတွင်း ငါလုပ်စရာတစ်ချို့ရှိသေးလို့ အကယ်၍ တစ်ခုခု လိုအပ်တယ်ဆိုရင် အခု အခွင့်အရေးကို ယူပြီး ငါ့ကို ပြောလို့ရတယ်"

သူက သူတို့ကိုကြည့်နေတဲ့အချိန်မှာ လူအုပ်ကလည်း သူ့ကိုပြန်ကြည့်ပေမယ့် ဘယ်သူမှ စကားမပြောကြပေ။

နောက်ဆုံးမှာတော့ လင်ကျန်ထျန်းကသာ ဝင်ပြောလိုက်သည်။

"ငါတို့တွေ အထူးတလှယ်လိုအပ်တာတော့ မရှိပါဘူး, သခင်လေးက ဒီမှာမရှိဘူး ဆိုပေမယ့် ငါတို့ရဲ့ အခြေအနေက ပြီးပြည့်စုံတယ်လေ, အစားအသောက်ပဲ ဖြစ်ဖြစ် ထောက်ပံ့ရေး ဆေးလုံးတွေပဲဖြစ်ဖြစ် ဒါမှမဟုတ် လေ့ကျင့်မှုပဲဖြစ်ဖြစ်, ဒီမှာက တိတ်ဆိတ်ပြီး ငြိမ်းချမ်းတယ် အဲ့ဒါကြောင့် ဘာမှစိတ်ပူစရာ မရှိဘူး, ငါတို့လုပ်နိုင်တာက ကျင့်ကြံတာ တစ်ခုတည်းရှိတာကို, နည်းနည်းတောင် အပြစ်ရှိသလို ခံစားနေရတာ"

"ဟုတ်တယ်"

လင်ဇီဂျီကလည်း ခေါင်းညိတ်ပြသည်။

"မင်းသာ တောင်ပေါ်မှာလည်း ကျင့်ကြံနေရတာကို တစ်ချိန်တည်းမှာ ငါတို့အတွက်လည်း စိတ်ပူနေရတယ် ဆိုတော့ ခက်ခဲမှာပဲ"

လင်ရွှမ်းဇီက ရယ်သည်။

"လင်မိသားစုက အုပ်စုတစ်ခုပဲဟာကို ငါက ကိုယ့်ကိုကိုယ်ပဲ အာရုံစိုက် မင်းတို့ကို လစ်လျုရှုထားလို့မှ မရတာ"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now