နွေဦးလေပြေ🤍(အပိုင်း_၅)

Start from the beginning
                                    

"MCQတွေသေချာသတိထားဖြေနော်မောင်
‌CommunityဆရာကMCQမေးရင် တခြားဆရာတွေနဲ့မေးခွန်းပုံစံသိပ်မတူဘူး"

ညို့စကားသံအဆုံးခန့်ထည်ပြုံးလိုက်မိသည်။ညို့ကိုသူရွေးချယ်ဖြစ်တဲ့အဓိကအချက်ကအဲ့ဒါလည်းပါသည်။ညိုကထက်မြက်သည်။တော်သည်။
သူနားမလည်သည့် တချို့ပုစ္ဆာများကိုညိုနဲ့အတူအဖြေရှာပြီး ညိုရှင်းပြသည်များကိုနားထောင်ရသည်ကိုသူနှစ်သက်သည်။

"အင်း မောင်ဖုန်းချပြီနော်"

________________💚________________

"မိုးသား သရေတွေသုတ်လိုက်ဦး....ပြီးမှဆက်ငမ်းဟုတ်ပြီလား"

ကော်ဖီအေးခွက်ကိုကိုင်ရင်း မဲ့ကာရွဲ့ကာနဲ့ပြောနေသော ဤသကောင့်သားအားလစ်လျူရှု၍ မိုးသား အကိုတို့lectureခန်းဘက်သို့သာဆက်ကြည့်နေမိတော့သည်။

"အကိုတို့ tutorialရှိတယ်ထင်တယ်နော်ဟိန်းထက်
တစ်တန်းလုံးစာကိုအသဲအသန်ကြည့်နေကြတယ်"

"ခွီး......ကိုယ့်အတွက်သာကိုယ်ပူစမ်းပါမိုးသားရာ မင်းဘဲကြီးကမင်းထက်စာတော်တယ်"

"အကိုက လုပ်နိုင်မယ်ဆိုတာသိပေမယ့်လည်း ငါစိတ်ပူတယ် ငါအကို့ကိုတကယ်ကြီးချစ်မိသွားပြီထင်တယ်"

မျက်လွှာလေးအောက်ချကာ မိုးသားဆိုတော့ ဟိန်းထက်ဆီကသက်ပြင်းချသံခပ်တိုးတိုးကြားရသည်။

"ချစ်မိသွားပြီလို့ကောက်ချက်ချဖို့အချိန်တွေအများကြီးလိုသေးတယ်မိုးသား။
ငါကတော့ မင်းကိုအခုချိန်မှာ စိတ်အများကြီးမနှစ်ထားဖို့ပဲမှာချင်တယ်"

"အေးပါကွာ ငါကစကားအဖြစ်ပြောတာပါ
ငါtoiletသွားဦးမယ် လိုက်မလား"

"မလိုက်တော့ဘူး"

________________💚________________

"ဂျောက်"

မိုးသားtoiletထဲကအထွက် ဘေစင်တွေလက်ဆေးနေသော သူကိုတွေ့၍ ခြေလှမ်းတွေအလိုအလျောက်ရပ်တန့်မိသွားသည်။
အကိုက ခုနလေးတင် သူ့သူငယ်ချင်းတွေနဲ့စာလုပ်နေကြတာပါ။
ဘယ်လိုကြောင့်toiletထဲရောက်နေတာပါလိမ့်။

ဒါမှမဟုတ် သူထွက်လာတာတွေ့၍လိုက်လာတာများလား မသိဘူး ခ်ခ်။

နွေဦးလေပြေ🤍Where stories live. Discover now