"အဲ့တော့ မင်းကဘာလုပ်နိုင်မှာလဲ မင်းကဘာလုပ်ချင်တာလဲပြောလေ!!"

(ငါ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ဘ၀ကိုလိုချင်တယ်
မင်းရဲ့မကောင်းဆိုးဝါးအစီအစဉ်တွေထဲမှာနေရတာ ငါတကယ်ငြီးငွေ့နေပီ)

"ငါသေတဲ့နေ့မှပဲ မင်းလွတ်လပ်ခွင့်ရမယ်.. နမ်ဂျွန်း
ဒါပေမဲ့ မင်းငါ့ကိုမသတ်နိုင်ပါဘူး.. ဘာလို့လဲဆိုရင် ငါကမင်းဖြစ်နေလို့လေ"

(မင်းကငါမဟုတ်ဖူး!! ငါကဘယ်တုန်းကမှမင်းလိုမကောင်းဆိုးဝါးမဟုတ်ခဲ့ဘူး Kim RM!!!)

မကြာခင်မှာပဲ ငြင်းခုန်မှုတွေအကြား ထိုအခန်းထဲကမှန်ဟာ တစစီကွဲကြေသွားတော့သည်...Kim RMရဲ့ဒေါသကြောင့်ပဲလား..ကမ်နမ်ဂျွန်းရဲ့ဆန့်ကျင်မှုကြောင့်ပဲလားဆိုတာကတော့ ထိုသူတို့သာသိနိုင်ပေမည်...
.
.
.
.
.
.
.
"မင် ကျွန်တော် ဆော့ဂျင်ကို ခေါ်ထုတ်လာနိုင်ခဲ့ပီ"

ဂျီမင် ဂျန်းကုတို့အိမ်ထဲကို၀င်လာတုန်း မြင်လိုက်ရတဲ့လူတယောက်ကြောင့် ဂျီမင်ရဲ့ခြေလှမ်းတွေရပ်တန့်‌သွားတော့သည်..

"အကို... အကိုဟိုဆော့"

"ဂျီမင်ရား"

ဂျီမင် ဟိုဆော့ကို ဖက်ကာကလေးတယောက်လို အသည်းအသန်ငိုကြွေးနေမိသည်...

"အကိုကို့ ဘလောက်တောင်စိတ်ပူနေခဲ့လဲသိရဲ့လား"

"ဟုတ်ပါတယ် အကို့အမှားပါ"

"အကိုဘလောက်တောင်ဒုက္ခများခဲ့လိမ့်မလဲ"

ငိုကြွေးနေတဲ့ ဂျီမင့်ကိုဟိုဆော့ အသာအယာချော့နေမိသည်...ဂျန်းကုကတော့ ဆော့ဂျင်ကိုမြင်လိုက်ကတည်းက တကယ်လုံးမှာရခဲ့သမျှခြင်ကိုက်ရာ အသေးလေးကအစ ရှာပီးဆေးလိမ်းပေးနေလေသည်...

"အကို အကို့ကိုနောက်တခါ အဲဒီအိမ်ကိုမပို့တော့ဘူး"

"ဂျန်းကုကလည်း အခုငါလည်းဘာမှဖြစ်တာမှမဟုတ်ပဲ"

"အကိုတခုခုဖြစ်ရင် ကျွန်တော်သေမှာ"

"အကိုဘာမှမဖြစ်ပါဘူး... ဒါနဲ့နမ်ဂျွန်းက အကို့ကိုလွတ်အောင်ကူညီပေးခဲ့တယ်"

"ဘယ်သူ့စီကနေလဲ"

"Kim RM"

အကုန်လုံးရဲ့အကြည့်တွေဟာ ဆော့ဂျင်စီကျရောက်လာခဲ့တော့သည်...
.
.
.
.
.
.
.......Namjin.....x...... Jinkook..........

Only you (Complete)Where stories live. Discover now