"မြန်မြန်ယူ ဂျီမင်... ပီးရင် ဒီ‌ေနရောကနေထွက်သွားကြတော့!!"

ဂျီမင် နမ်ဂျွန်းလက်ထဲကသော့ကိုယူပီး တံခါးကိုအမြန်ဖွင့်လိုက်လေသည်...
အခန်းထဲကဆော့ဂျင်ဟာလည်း တုပ်နှောင်ခံထားရခြင်းမဟုတ်တော့...လက်နဲ့ခြေထောက်ကကြိုးတွေဟာပြေနေပီး အခုပဲထွက်‌ေပြးဖို့ပြင်နေပုံပင်..

"ဂျင်.. ဂျီမင်... မင်းတို့မြန်မြန်သွားကြတော့ အချိန်မရှိတော့ဘူး"

ဂျီမင် ဆော့ဂျင်ရဲ့လက်ကိုဆွဲလိုက်သည်..

"နမ်ဂျွန်း မင်းလား"

နမ်ဂျွန်းခေါင်းငြိမ့်ပြလိုက်သည်...

"ဒါဆို ငါကြိုးတွေဖြေလို့ရအောင် ဘရိတ်ဓားထားခဲ့ပေးတာလည်း မင်းပေါ့"

နမ်ဂျွန်းမငြင်းပေ.. အခုချိန်မှာနမ်ဂျွန်းရဲ့မျက်၀န်းများဟာတည်ငြိမ်နေပီး ယခင်ကအနီရောင်မျက်၀န်းများမရှိတော့ပေ...ဂျီမင်ကတော့ အခုထိသူတို့ဘာပြောနေမှန်းနားမလည်သေးပေ...

"မြန်မြန် သွားကြတော့!!! ငါသူ့ကိုဆက်မထိန်းနိုင်တော့ဘူး"

ဂျီမင် ဆော့ဂျင်ရဲ့လက်ကိုဆွဲပီးအ‌ပြင်ကို ခေါ်ထုတ်ခဲ့လိုက်လေသည်...သူတို့အိမ်အပြင်ကိုရောက်ပီးမကြာခင်မှာပဲ နမ်ဂျွန်းရဲ့မျက်၀န်းနီနီတွေဟာ ပြန်လည်ရောက်ရှိခဲ့တော့သည်...

"ကမ်နမ်ဂျွန်း မင်းကငါ့ကိုသစ္စာဖောက်တယ်ပေါ့ဟုတ်လား"

(ငါ‌ေပြာပီးပီပဲ.. ဂျင်ကငါချစ်တဲ့လူ သူ့ကိုထိခိုက်အောင်လုပ်လို့မရဘူး)

မှန်ကို‌ကြည့်ရင်းတယောက်တည်းစကားပြောနေသည့် နမ်ဂျွန်းဟာတကယ်ကိုကြောက်စရာကောင်းနေပါသည်...
ထိုထက်ပိုပီးကြောက်စရာကောင်းသည်က နမ်ဂျွန်းရဲ့အမှောင်ဘက်အခြမ်းKim RM...

"ဒါပေမဲ့ သူကမင်းကိုမချစ်ဘူးလေ မင်းသိရဲ့လား"

(ငါသူ့ကိုထိခိုက်ခွင့်မပြုနိုင်ဘူး)

"ငါကမင်းကောင်းဖို့လုပ်နေတာ နမ်ဂျွန်း ငါ့စကားကိုနားထောင်စမ်းပါ"

(ငါအရင်ကတော့ ငါကောင်းဖို့ဆိုတာတကယ်ထင်ခဲ့တာ.. ဒါပေမဲ့ မင်း ငါရဲ့မွေးစားမိဘတွေကိုသတ်လိုက်တဲ့နေ့ကတည်းက မင်းလုပ်နေတာတွေက ငါ့အတွက်မဟုတ်ဖူးဆိုတာသိလိုက်ရတယ်..ပီးတော့ ငါရဲ့အချစ်ဦး ကမ်ဟယ်ဆူ... ငါ့ရဲ့သူငယ်ချင်း ဟိုဆော့ အခုတော့ဆော့ဂျင်အထိပါမင်းကဒုက္ခပေးလာနေပီ)

Only you (Complete)Where stories live. Discover now