အပိုင်း - ၁၁ ( Uni )

शुरू से प्रारंभ करें:
                                    

စိတ်လှုပ်ရှားစရာ‌ေကာင်းသော ဖွင့်ပြောခြင်းသည် ဆုံးဖြတ်ချက်ခိုင်မာသော စကားများအကြား အလျင်အမြန်ပင် ပြီးပြတ်သွားခဲ့သည် ။

" ကျွန်တော်က သာမာန်မြို့သေးသေးလေးက ကောင်လေးတယောက်ပါ... ဒါပေမယ့် ကျွန်တော့်မှာ မာန နဲ့ သိက္ခာတရားရှိသေးတယ် ဧက... ။

ကျွန်တော်က စားဝတ်နေရေးအတွက် လူတိုင်းနဲ့ အလိုက်အထိုက်ပြောဆိုဆက်ဆံနေတဲ့သူတယောက်.... ဒီလိုကြီး ယောကျာ်းတယောက်နဲ့ ချက်ချင်းလက်တွဲဖို့ဆိုတာ ကျွန်တော့်အတွက် မလွယ်ကူဘူး ။

ကျွန်တော်က သာမာန်နုံနုံအအ တောသားတယောက်လို့ပဲ အလွယ်မတွေးလိုက်ပါနဲ့။"

"မဟုတ်ဘူး ဟူ.... ဟူ့ကို ကိုယ်ဘယ်တုန်းကမှ အလွယ်မတွေးခဲ့ဘူး... မင်းမှာ မာန်မာနနဲ့သိက္ခာရှိတာကိုကိုယ်သိတယ်....။ မင်းကပညာကို အရမ်းတန်ဖိုးထားလွန်းတာလဲ ကိုယ်သိတယ်...။ ကိုယ်ကမင်းကို ဒီတိုင်း.....ဒီတိုင်းပဲချစ်နေချင်ရုံလေးပါ ။"

" အဲ့တာဆို ပြီးပြီပေါ့...။ လှေဆိပ်သွားကြမယ် ။ ကျွန်‌တော်ပြောခဲ့သလို နောက်နှစ်လကြာတဲ့အခါ နတ်လမ်းထက်မှာ တွေ့ကြမယ် "

ထို့နောက် ကျောပြင်ငယ်သည် ဧကရှေ့မှကျောခိုင်းကာ လှည့်ထွက်သွားခဲ့သည် ။ ချစ်ရသူသည် တကယ်ပင် မာနကြီးသူပင် ။

- Flashback end -

ဧကတို့ ဘုရားရင်ပြင်တော်အပေါ်ပတ်ပြီးနောက် စောင်းတန်းထဲတွင် ဝင်နားကြရင်း ဘုရားရှိခိုးကြသည် ။ သို့သော် လူငယ်များသာဖြစ်ကြသည်မို့ ဘုရားရှိခိုးသည်ဆိုရုံပင် ပေါက်ဆိန်ပေါက်သလို ဦးချကာ ပြန်ထိုင်နေကြသည် ။

" ကျွန်တော်အခု ရွှေမဉ္ဇူဘုရားအကြောင်းပြောပြမယ်ဗျ..."

ရဂွန်းရဲ့စကားကို အကုန်လုံးကခေါင်းငြိမ့်ကာ အာရုံစိုက်နားထောင်ပေးနေကြသည် ။

"ရွှေမဉ္ဇူဘုရားဟာ အင်းတော်ကြီးအိုင် အနောက်ဘက်ကမ်းခြေကနေ ပေ ၁၅၀ဝ အကွာ၊ လင်းလုံသဲသောင်စွယ်ပေါ်တွင် ကိန်းဝပ်တော်မူလျက် ရှိတယ်..။

ဘုရားသမိုင်းကတော့ အင်းတော်ကြီး ဘုရားသမိုင်းသုတေသီများ အဆိုအရ ဂေါတမမြတ်စွာဘုရားဟာ နာဠာဂီရိတောင် (ဆင်ခေါင်းတောင်)ပေါ်၌ ရပ်တန့်တော်မူပြီး "ဤ​ရော၌ နောင်သော်အခါ အင်းကြီး ဖြစ်တည်မည်၊ ငါဘုရားရှင်၏ ဓာတ်တော် မွေတော်များ ကိန်းဝပ်သော ဘုရားစေတီများ ပေါ်ထွန်းမည်"ဟု မိန့်ကြားတော် မူခဲ့တယ်တဲ့ ...။

Witnessing To The MaNaw Land_မနောမြေအား သက်သေတည်လျက်_Completeजहाँ कहानियाँ रहती हैं। अभी खोजें