💔25💔(Part1)

41.2K 3.6K 1.2K
                                    

"အိမ်တော်ထိန်းကြီး"

"ဟုတ်ကဲ့ အကိုလေး....ဘာများလိုအပ်သလဲ.."

မနက်စာစားပွဲတွင် ထ်ိုင်ကာCoffee ခွက်ကို
မွှေနေသောအကိုလေးသည် တစ်ခုခုကိုမေးမြန်းချင်
နေတဲ့ပုံ..။မေးရမှာလည်းခက်နေသလို..
စထိုင်ထဲက မုန့်တွေလည်းတစ်ခုမှမစားသေး...။

"သူ ည က အိမ်ပြန်မလာဘူးလား...."

"ဟုတ်တယ် အကိုလေး ကားမတွေ့ဘူး...
ပြန်မလာတဲ့ပုံပဲ....."

"အော်......"

ထူးဆန်းတယ်ရယ်လည်းမဟုတ်ပေမယ့်....
ညကဘေးမှာမရှိနေ..။ဒါဆိုသူ့အခန်းမှာများ
သပ်သပ်သွားအိပ်နေသလားလို့တွေးပြီးနေလိုက်တာ။
အိမ်ကိုပြန်မလာတာတဲ့။အရင်ကစိတ်မဝင်စား
ဂရုလုံးဝမစိုက်ခဲ့ပေမယ့်..လက်ရှိတွင်တော့ဆိုင်သူလေးတမျိုးတော့ခံစားနေရသည်။

"Romအိမ်မှာရှိနိုင်တယ် အရင်ကလည်း
ဒီလိုပဲနောက်ကျရင် Romအိမ်လိုက်အိပ်နေကျ
အကိုလေး စိတ်ပူနေတဲ့ပုံပဲ..."

"JeonJungkook အိမ်ပြန်မအိပ်တာ
ဘာကိုစိတ်ပူစရာရှိလို့လဲအိမ်တော်ထိန်းကြီး...."

စူးခနဲကြည့်လာသောမျက်ဝန်းတစ်စုံ။စိတ်သာမပူတယ်
ဓားတွေလိုပဲ ခပ်ပြတ်ပြတ်။

"တမျိုးမြင်သွားရင်တောင်းပန်ပါတယ်
ခုတလော အကိုလေးတို့
အဆင်ပြေပြေရှိနေလို့ ပြောမိတာပါ..."

"မပြေပါဘူး...မျက်လုံးထဲမြင်တာတွေကို
တသတ်မတ်ထင်မနေနဲ့ အလုပ်သွားတော့မယ်
Driver ပြင်လိုက်တော့...."

လုံးဝချောမွေ့သာယာသွားပြီလို့သတ်မှတ်လို့မရတဲ့
Relationship တစ်ခုမှာ အိမ်ပြန်မအိပ်တာလောက်
ကတော့ခေါင်းထဲသိပ်ထည့်ဖို့ရန်မလို....။
JeonJungkook က ဘယ်သူမလို့လဲ...
ခေါင်းထဲက ထုတ်လိုက်ကာကားပေါ်တွင်
လက်စမသတ်သေးသောအလုပ်တွေကို
ဆက်လုပ်လာခဲ့သည်။

ဦးနှောက်ရဲ့ အမှောင်အခြမ်းလေးထဲတော့
KimTaeHyung နဲ့တွေ့နေတာလား?
Romဆီဘာလို့သွားအိပ်ရသလဲ?
မူးလည်းအိမ်ထောင်သည်ပဲပြန်လာရမှာပေါ့...။
ပြောသွားတုန်းက

"မောင်...ခဏလေးပဲနော်..ဖုန်းတွေဆက်ခေါ်နေတာ
အားနာလို့လေ..မင်းကလွှတ်မယ်မလား..."

မောင်Where stories live. Discover now