"ကမ်ဆော့ဂျင် မင်းအချိုးတွေကို ပြန်ပြင်ထားလိုက်စမ်း..
ငါကမင်းလုပ်တိုင်းငြိမ်ခံနေမဲ့ ဟိုအရူကောင်ကမ်နမ်ဂျွန်းမဟုတ်ဘူး.."

ထိုစကားကိုပြောပီးသည်နှင့် နမ်ဂျွန်းမဟုတ်တော့သည်ထိုလူရဲ့လက်တွေဟာ ဆော့ဂျင်ရဲ့ လည်ပင်းပေါ်ကနေ ဖယ်ခွာသွားလေသည်..

"မင်းကိုငါသတ်ပစ်လိုက်ချင်ပေမဲ့ မင်းကအရမ်းကိုအသုံး၀င်နေသေးတယ်လေ...
ဂျွန်းဂျန်းကုအတွက်ရော ကမ်နမ်ဂျွန်းအတွက်ရော မင်းကအားနားချက်ဖြစ်နေတာကိုး..."

ထိုလူဟာ အပြင်ဘက်ကိုပြန်လည်ဦးတည်ကာ အခန်းတံခါးကိုဖွင့်လိုက်လေသည်.. ဒါပေမဲ့အပြင်မထွက်ခင် သူ့ရဲ့ခြေလှမ်းတွေဟာရပ်တန့်သွားပီး စကားတခွန်းကိုဖြေးညှင်းစွာပြောလိုက်လေသည်...

"ငါ့ရဲ့နာမည်က ကမ်‌နမ်ဂျွန်းမဟုတ်ဖူး...
Kim RM..."

ထိုလူရဲ့စကားအဆုံး အခန်းတခုလုံးဟာအမှောင်ကျသွားပီး
ဆော့ဂျင်ရဲ့အော်ဟစ်သံတွေဟာ ရပ်တန့်သွားတောဘလေသည်....
.
.
.
.
.
.
.
ဟိုဆော့စီကို ထယ်ယောင်းရေတခွက်ကမ်းပေးလိုက်လေသည်..
မေးချင်တာတွေအများကြီးရှိသောလည်း ဟိုဆော့ရဲ့အခုလက်ရှိဖြစ်နေသည့်ပုံစံကြောင့်ထယ်ယောင်းမြိုသိပ်ထားလိုက်လေသည်..

"ဂျန်းဟိုဆော့ မင်းခုနပြောတာဘာအဓိပ္ပာယ်လဲ..?"

ဟိုဆော့ ဘေးအိပ်ထဲကဖိုင်တွဲတခုကို ယွန်းဂီရဲ့လက်ထဲသို့ပေးလိုက်လေသည်..

"သူက စိတ်ဝေဒနာတခုကိုခံစားနေခဲ့ရတာ..
အခုသူ့ရဲ့စိတ်က ကမ်နမ်ဂျွန်းဆိုတဲ့သူ့ရဲ့မူရင်းစိတ်နဲ့
သူ့ရဲ့အမှောင်ဘက်ခြမ်းဖြစ်တဲ့ နောက်ထပ်စိတ်တခုဆိုပီး နှစ်မျိုးကွဲပြား‌နေပီ..."

ဂျန်းကုရော ယွန်းဂီရော လက်ထဲကဖိုင်ကိုအသေအချာဖတ်လိုက်ပီး ဟိုဆော့ကိုလှမ်းမေးလိုက်လေသည်...

"ဒါဆို မင်းဆိုလိုလျင်တာက ဖြစ်ခဲ့တဲ့ကိစ္စအကုန်လုံးကို
ကမ်နမ်ဂျွန်းရဲ့အမှောင်ဘက်တခြမ်းက လုပ်ခဲ့တာပေါ့ဟုတ်လား ဒါကမင်းပြောသလိုဖြစ်နိုင်လို့လား"

ဟိုဆော့က ယွန်းဂီကိုကြည့်ရင်း

"အင်း ဖြစ်နိုင်တယ်..
ငါကြားဖူးသလောက်ဆိုရင် ဒီလိုရောဂါမျိုးက ငယ်စဉ်ကအတိတ်ဆိုးတွေရှိခဲ့တဲ့ လူတွေစီမှာဖြစ်တာများတယ်..ပီးတော့ဒီရောဂါဖြစ်တဲ့ လူတရာမှာ 99ယောက်လောက်က သူတို့ရဲ့အမှောင်ဘက်ခြမ်းလုပ်ခဲ့တဲ့ကိစ္စအကုန်လုံးကို မမှတ်မိကြတော့ဘူး...ဒါပေမဲ့တယောက်လောက်ကတော့ သူတို့အမှောင်ဘက်ခြမ်း လုပ်ကိုင်သမျှကိစ္စတွေအကုန်လုံးကို သိပေမဲ့မတားနိုင်ကြဘူး..."

Only you (Complete)Where stories live. Discover now