"အကိုလေး ဧည့်သည်ရောက်လာပါတယ်"

ဂျန်းကုရဲ့အိမ်အလုက်သမားတယောက်၀င်လာပီးတဲ့နောက် ဂျန်းကုအပါအ၀င် ထယ်ယောင်းနဲ့ယွန်းဂီတို့ အောက်ထပ်ကိုဆင်းသွားကြတော့သည်... အောက်ထပ်ဧည့်ခန်းမှာတစုံတဦးဟာ ဂျန်းကုတို့ကိုနောက်‌ေကျာပေးကာရပ်နေပီး အဲဒီတစုံတဦးကိုမြင်သည်နှင့်ထယ်ယောင်းရဲ့အကြည့်တွေပြောင်းလဲလာလေသည်...

"ဟိုဆော့ !!!"

ထိုလူဟာတဖြည်းဖြည်းဂျန်းကုတို့ဘက်ကိုလှည့်လာရင်း ကြမ်းပြင်ပေါ်မှာဒူးထောက်ချလိုက်လေသည်...ထိုလူကတော့ဂျန်းဟိုဆော့

"တောင်းပန်ပါတယ် အရာအာလုံးအတွက်...
နမ်ဂျွန်းကိုတော့ခွင့်လွတ်ပေးလိုက်ပါ..
ဒါတွေအားလုံးသူလုပ်ခဲ့တာမဟုတ်ပါဘူး.."

ဂျန်းကုတို့သုံးယောက်ရဲ့မျက်နှာပေါ်မှာ အံ့ဩတဲ့အရိပ်ယောင်တွေဖြတ်ပြေးသွားပီးနောက် ထယ်ယောင်းဟာ ဟိုဆော့ကိုသွားထူပေးလိုက်လေသည်...
.
.
.
.
.
.
.
"ကမ်နမ်ဂျွန်း ငါ့ကိုအခုချက်ချင်းလွှတ်ပေး!!!!"

မှောင်မဲတဲ့အခန်းထဲမှာ ဆော့ဂျင်တယောက်ကြိုးအထပ်ထပ်ဖြင့် တုပ်နှောင်ခြင်းကိုခံထားရ‌ေလသည်... ဆော့ဂျင်ရဲ့လည်ချောင်းတွေဟာ အော်ရလွန်းလို့နာကျင်နေပီး လက်နှစ်ဖက်ဟာလည်း ရုန်းကန်ရလွန်းလို့ နီဆွေးဆွေးကြိုးရာတွေတောင်ထင်နေလေပီ...
မကြာခင် ထိုအခန်းရဲ့တံခါးပေါက်ပွင့်သွားပီး လူတဦး၀င်လာလေသည်...

"မင်း အော်နေလည်းဘယ်သူမှကြားမှာမဟုတ်ဘူးဂျင်
မင်းလက်လျော့လိုက်တော့"

ဆော့ဂျင် နမ်ဂျွန်းရဲ့မျက်နှာကိုတံထွေးနဲ့ လှမ်းထွေးလိုက်ပီး
ကျယ်လောင်စွာအော်ဟစ်တော့သည်..

"ကမ်နမ်ဂျွန်း မင်းကတကယ်မကောင်းဆိုးဝါးပဲ..
မင်းလိုလူကတကယ်ပဲမွေးဖွားမလာသင့်ဘူး..!!!"

ဆော့ဂျင်ရဲ့စကားမဆုံးခင်မှာပဲ ဆော့ဂျင်ရဲ့လည်ပင်းကို နမ်ဂျွန်ဟာအားပါပါညှစ်လိုက်လေသည်... နမ်ဂျွန်းရဲ့မျက်၀န်းတွေဟာ အလွန်းကြောက်စရာကောင်းနေပီး ဆော့ဂျင်ကိုသတ်ပစ်ဖို့ပင် ရည်ရွယ်ထားသည်ဟု ထင်ရသည်...

Only you (Complete)Kde žijí příběhy. Začni objevovat