အတိတ်ဘဝ၏ အဆုံးအသတ်

Start from the beginning
                                    

" တောင်း တောင်းပန်ပါတယ် မင်ငယ်ရယ်...."

တုန်ရီစွာဆိုမိလေတော့ ချာတိတ်ငယ်သည်သူ့ကျောပြင်အားလက်သေးသေးလေးနှင့်ပွတ်သပ်ပေးရှာသည်။ နောက်လက်တစ်ဖက်နဲ့လည်း သူ့ခေါင်းလေးအားအသာကိုင်ထားပေးရင်း အဆင်ပြေပါတယ်လို့သာ တဖွဖွရေရွတ်ပေးရှာသည်။ ဒီလူကြီးမှာလည်း ကြီးကောင်ကြီးမားနဲ့ ကလေးငယ်ရဲ့ရင်ခွင်ထဲတိုးဝင်ငိုမိလေခြင်း။ လမ်းသွားလမ်းလာတွေကိုလည်းဂရုစိုက်မနေတော့ပဲ နှစ်ယောက်တစ်ကမ္ဘာထဲတွင်သာ ခံစားချက်အစုံရောနှောနေတော့သည်။

" ဘာလို့ထွက်လာရတာလဲ "

" မှိန်းနေရင်း မျက်လုံးဖွင့်လိုက်တော့ လူကြီးပြေးထွက်သွားတာမြင်လိုက်လို့လေ "

မှတ်တိုင်၌ ဒရမ်မာတစ်ကားအပြီးရိုက်ပြီးသည့်နောက် အားနည်းနေသောချာတိတ်ငယ်အား သူပွေ့ချီလာရင်းဆေးရုံထဲသို့ပြန်ဝင်လာခဲ့သည်။ ချာတိတ်သည်ခုချိန်ထိသူ့အား မေးခွန်းတစ်ခွန်းတစ်လေတောင်မေးမလာသေး။ ငိုနေရင်း မင်ငယ်ဟု ခေါ်လိုက်မိတာကိုကိုယ့်ကိုယ်ကိုသတိထားလိုက်မိပေမယ့်လည်း သတိရသည့်ချိန်တွင်ပြန်ပြင်လို့မရနိုင်တော့။ ကောင်လေးကလည်းအထူးအဆန်းလုပ်၍မေးမနေတော့တာမို့ သူတိတ်တိတ်လေးသာဆက်နေ‌လိုက်တော့သည်။ ကောင်လေးရဲ့အခန်းထဲရောက်မှ ကုတင်ပေါ်အသာချပေးလိုက်တော့ ကောင်လေးသည်စောင်ထူထဲတိုးဝင်သွားရင်း မျက်လုံးလှလှလေးတွေနဲ့ သူ့ကိုငေးကြည့်နေသေးပြန်သည်။

" သတင်းလာမေးတာကို အထဲထိဝင်မလာပဲ ဘာလို့ထွက်ပြေးသွားတာလဲဟင်။ မှတ်တိုင်မှာရော ဘာလို့ "

ဂျွန် ခေါင်းအသာခါပြရင်းသာ‌ပြံးနေလိုက်သည်။ ချာတိတ်ငယ်ကလည်း နားလည်စွာနဲ့ဆက်မမေးတော့ပဲငြိမ်နေသည်။ သူသည်လည်းချာတိတ်၏ဆံနွယ်နုနုလေးတွေအား တစ်ချက်နှစ်ချက်ပွတ်သပ်ပေးပြီးနောက် အခန်းထဲမှထွက်ဖို့ရန် ခြေလှမ်းပြင်မိသည်။

" မင်ငယ်က ....."

ချာတိတ်ငယ်၏စကားကြောင့် သူ၏ခြေလှမ်းတွေသည်ချက်ချင်းရပ်တန့်သွားရသည်။ ချာတိတ်ငယ်ဘက်ကိုတော့ လှည့်မကြည့်မိသေး။ မေးလာခဲ့ရင် ယုတ္တိရှိရှိဖြေနိုင်ဖို့အဖြေစဉ်းစားထားရဦးမည်။

𝐖𝐢𝐬𝐡𝐢𝐧𝐠 𝐎𝐧 𝐃𝐚𝐧𝐝𝐞𝐥𝐢𝐨𝐧𝐬 || KOOKMIN ( Completed )Where stories live. Discover now