အတိတ်ဘဝ၏ အဆုံးအသတ်

926 202 6
                                    

Unicode :

ချာတိတ်ငယ်၏ပုံရိပ်လေးအား တံခါးအကွယ်နောက်မှချောင်းကြည့်ခဲ့ပြီး သူ၏အပြန်လမ်းတွင်စိတ်နဲ့ကိုယ်နဲ့ကပ်မနေခဲ့။ ကားကိုတောင် ကားပါကင်မှပြန်ယူဖို့သတိရမနေခဲ့ပဲ ‌ဆေးရုံအနားကကားမှတ်တိုင်အထိခြေလျင်လျှောက်လာခဲ့ရင်း ခုံလေးတွင်ဝင်ထိုင်နေမိသည်။ တစ်ရက်အတွင်း ဒီလောက်တောင်အားနည်းသွားရတဲ့ကောင်လေးရဲ့ပုံရိပ်လေးအား ပြန်မြင်ယောင်လိုက်တိုင်းသူ့ရင်ထဲတဆစ်ဆစ်နဲ့။ အကျိုးသက်ရောက်မှုတွေရှိနေတယ်တဲ့လား။ ဘာလို့လဲ ဘာအမှားတွေလုပ်ခဲ့မိလို့ ကောင်လေးကိုကံဆိုးစေတဲ့လူက သူဖြစ်နေရတာလဲ။

" တစ်သက်လုံး သူဒီလိုဖြစ်ရတာကိုယ့်ကြောင့်ဆိုတဲ့ အပြစ်စိတ်ကြီးနဲ့လေ နေသွားချင်တာလား "

တော်ပါတော့ တော်ပါတော့။ နားထဲအဲ့စကားကြီးကိုပြန်လည်းမကြားချင်တော့လို့ပါ တော်လိုက်ပါတော့။

ကားမှတ်တိုင်မှာစောင့်နေကြတဲ့လူတွေကလည်း မျက်နှာပွတ်လိုက် ဆံပင်တွေဖွပစ်လိုက်နဲ့အလုပ်ရှုပ်နေသောဂျွန့်အား ထူးဆန်းသလိုကြည့်နေကြသည်။ ဂျွန့်အနေ‌နဲ့တော့ အဲ့ဒါတွေကိုလည်းအာရုံမစိုက်အား။ သူ့အပူနဲ့သူလောင်ကျွမ်းနေရတာ ပြာကျမတတ်။ တကယ်ပဲ သူကိုယ်တိုင်က အပြစ်တဲ့လေ။

" လူကြီး....."

ဂျွန် ခေါင်းငိုက်စိုက်ထိုင်နေရင်းကနေ အသံသေးသေးလေးအားကြားလိုက်ရသည်မို့ ချက်ချင်းပဲမော့ကြည့်လိုက်လေတော့ ထိခိုက်ထားသူလေးဟာမျက်လုံးအ‌ဝိုင်းသားလေးနဲ့ငုံ့ကြည့်နေလေရဲ့။ ကြယ်လေးတွေအများကြီးတည်ရှိနေ‌တဲ့ မျက်ဝန်းလေးတွေကိုမြင်ကာမှ သူဟာထိန်းချုပ်ထားသမျှအားလွှတ်ပေးလိုက်ချင်မိသလို။ ဒီထက်ပိုပြီးလည်း ထိန်းချုပ်လို့လည်းမရနိုင်တော့တာကိုသူသိသည်။ ဖြစ်ချင်တာဖြစ်ဆိုပြီးပဲ ‌ချာတိတ်ငယ်၏ရင်ခွင်ငယ်လေးထဲသို့ တိုးဝင်လိုက်မိတော့သည်။

" လူ....လူကြီး "

" ခဏလေး ဒီအတိုင်းလေးပဲ ခဏလေး...."

ထိန်းချုပ်ထားသမျှပွင့်ထွက်လာသည်မို့ ကောင်လေး၏ဆေးရုံဝတ်စုံအပါးလေးသည် သူ့ဆီကမျက်ရည်တွေနဲ့စွတ်စိုလာရသည်။ ‌ချာတိတ်သည်လည်းလန့်သွားသည်ထင်။ ဘာမှမတုံ့ပြန်သေးပဲ ကျောက်ရုပ်လိုရပ်နေသေးသည်။

𝐖𝐢𝐬𝐡𝐢𝐧𝐠 𝐎𝐧 𝐃𝐚𝐧𝐝𝐞𝐥𝐢𝐨𝐧𝐬 || KOOKMIN ( Completed )Where stories live. Discover now